ဘယ်တော့မှ သွေးမအေးသွားကြောင်းကို ပုံသဏ္ဌာန်မျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မိုးကုတ်က လူငယ်များ

//s9.kh1.co/1c/1c6fa70fbe7055de79cc476caaffc63a1be9e61c.jpeg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရှိ လူငယ်တွေကတော့ ဖေဖော်ဝါရီ (၁) ရက်နေ့ထဲကစပြီး တူညီတဲ့ယုံကြည်ချက်တွေကိုယ်စီနဲ့ လမ်းပေါ်ထွက်ကာ မိမိတို့ရဲ့အသက် ဆုံးရှုံးမှာကိုပင်မကြောက်ဘဲ အရာရာပေးဆပ်ကာ လှုပ်ရှားမှုတွေမှာ ဒီနေ့ထိပါဝင်နေကြတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးတိုက်ပွဲကြီးကလည်း အခုဆိုရင် အချိန်အားဖြင့် သုံးလပြည့်ခဲ့ပါပြီ။အခုချိန်မှာ ပြည်သူအားလုံးက အခက်အခဲတွေကိုယ်စီနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ယုံကြည်ချက်တွေအတွက် အားတင်းကာ ရှေ့ဆက်လှမ်းနေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူအားလုံးကလည်း တစ်ယောက်အခက်အခဲတွေကို တစ်ယောက်ကူညီဖေးမရင်း ပန်းတိုင်ကို အရောက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။အရင်လို လမ်းမတွေထက်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန် မလွယ်တော့တဲ့အချိန်တွေမှာ ပြည်သူတွေဟာ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ Strike လုပ်နိုင်မယ့် လှုပ်ရှားမှုတွေကိုပဲ ပြုလုပ်လျက်ရှိပါတယ်။ဒီရက်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းတွေကို ပြန်လည်တွေ့ရှိလာရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိုးကုတ်မြို့ရှိပြည်သူတွေကလည်း တစ်ရက်လေးမှမနားဘဲ နေ့စဉ်တိုင်း Strike တွေကို လှုပ်ရှားလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။မိုးသီးတွေကြွေခဲ့ချိန်မှာလည်း အမိအရ မိုးသီးသပိတ်ကို လှုပ်ရှားခဲ့သလို အခြားဆန္ဒထုတ်ဖော်မှုတွေကိုလည်း ညီညီညွတ်ညွတ်ပြုလုပ်လျက်ရှိပါတယ်။မေလ (၇) ရက်နေ့မှာလည်း လူငယ်တွေစုပြီး ဘယ်တော့မှ သွေးမအေးသွားကြောင်းကို ပုံသဏ္ဌာန်မျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာကိုတွေ့မြင်ရပါတယ်။လူငယ်တွေရဲ့ ယုံကြည်ချက် ဇွဲ သတ္တိတွေကတော့ လေးစားစရာပါပဲ။ပရိသတ်ကြီးအတွက် မိုးကုတ်က လူငယ်တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T