ကျည်ထိမှန်ပြီး ဆေးရုံအသွားလမ်းမှာတင် ဆုံးပါးသွားခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့စျာပနခရီးကို ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ခဲ့ရတဲ့ ပြည်သူများ

//s9.kh1.co/9c/9cf3e0a74717539ed9be184ab65dc6c10f6f8b0f.jpg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကျည်ထိမှန်ပြီး ဆေးရုံအသွားလမ်းမှာတင် ဆုံးပါးသွားခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့စျာပနခရီးကို ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ခဲ့ရတဲ့ ပြည်သူများ

ပြီးခဲ့တဲ့ မေလ (၄) ရက်နေ့ကတော့ ပေါက်မြို့နယ်မှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတစ်ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ ကိုကျော်ဇင်လတ်ဖြစ်ပြီး အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကိုကျော်ဇင်လတ်ကတော့ ပေါက်မြို့နယ်၊ ပဲခင်းကျေးရွာမှာ နေထိုင်သူဖြစ်ပေမယ့် ကျဆုံးချိန်မှာတော့ ရေပြာကျေးရွာမှာရှိနေခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Ngwe Aho Lay's FB Acc

ဆန္ဒဖော်ထုတ်နေတဲ့အချိန်မှာ ပစ်ဖောက်ဖြိုခွင်းခဲ့ရတာကြောင့် ကိုကျော်ဇင်လတ်တစ်ယောက် ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ် ။ ဆေးရုံနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးဖြစ်တာကြောင့်လည်း ကိုကျော်ဇင်လတ်ခမျာ ဆေးရုံကိုသွားတဲ့ လမ်းမှာတင် ဆုံးပါးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ရွာမှာရှိတဲ့ပြည်သူတွေကလည်း ကျည်မှန်ထားတဲ့ ကိုကျော်ဇင်လတ်ရဲ့အသက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အချိန်မမှီခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Ngwe Aho Lay's FB Acc

ကိုကျော်ဇင်လတ်ရဲ့စျာပနပွဲကိုတော့ ပြီးခဲ့တဲ့ရက်ကပဲ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူတွေ အများအပြား တက်ရောက်ခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ ကိုကျော်ဇင်လတ်ရဲ့နောက်ဆုံးခရီးကို ဝမ်းနည်းကြေကွဲခြင်းများစွာနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပဲခင်းကျယ် ကျေးရွာမှာ ကျဆုံးသွားတဲ့ ကိုကျော်ဇင်လတ်ရဲ့စျာပနပွဲက ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Ngwe Aho Lay's FB Acc

Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Ngwe Aho Lay's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T