ရင်ထဲကအပူမီးတွေကို ဘယ်လိုအရာနဲ့မှဖြေဖျောက်လို့မရနိုင်တဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ခင်သဇင်

//s9.kh1.co/38/38552ac338d57090437af6345b187afebd2e7eff.png
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တိုင်းပြည်မငြိမ်သက်ဖြစ်ကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ ခင်သဇင်ဟာ လက်ရှိမှာတော့ စိတ်ရောလူရော အတော်လေးကိုပင်ပန်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက အင်တာနက်မရတာကြောင့် ပရိသတ်တွေနဲ့ အချိန်အနည်းငယ် အဆက်သွယ် ပြတ်သွားခဲ့ပါသေးတယ်။ ဒီနောက်မှာတော့ အအိပ်အစားမမှန်သလို စိတ်ဖိစီးမှုတွေလည်း ရှိလာတာကြောင့် ဝက်ခြံတွေပေါက်လာ ခဲ့တာ ပါးတစ်ပြင်လုံး ပြည့်လုနီးပါးပါပဲ။ အလှအပနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေရသူမို့ ဒီလိုဖြစ်လာတာ ဟာ သူမအတွက်တော့ တကယ့်ကို အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

Photo Credit - Khin Thazin's FB Acc
Photo Credit - Khin Thazin's FB Acc

ပျော်စရာရှာဖို့တောင်အကြောင်းပြချက်မဲ့နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အကြောင်းနဲ့ မပြေလည်တာတွေကိုစဉ်းစားရင် မျက်ရည်တွေပဲကျနေရပြီး ဘာမှရေရေရာရာမလုပ်ဖြစ်သေး ဘူးလို့ဆိုပါတယ်။ အားလုံးစိတ်ညစ်နေတာ အတူတူပဲမို့ သူမရဲ့အပူတွေကိုလည်း အများကြီးချမပြခဲ့ပါဘူး။ ပြည်သူတွေအားလုံး အဆင်ပြေစေဖို့မျှော်လင့်တဲ့အကြောင်းတော့ ပြောပြခဲ့ပါတယ်။

Photo Credit - Khin Thazin's FB Acc
Photo Credit - Khin Thazin's FB Acc
Photo Credit - Khin Thazin's FB Acc
Photo Credit - Khin Thazin's FB Acc

နေ့စဉ်နဲ့အမျှစိတ်ညစ်နေရတဲ့ သူမရဲ့ရင်ထဲကအပူမီးတွေကို " ကျွန်မ ဘယ်နေ့မှမပျော်ပါ " " ပြည်သူတွေ ကျပ်တည်းခြင်း ငတ်မွတ်ခေါင်းပါးခြင်း ကင်းဝေးကြပါစေ " " အပူသည်က ရေခဲရေသောက်လိုက်လို့ အေးချမ်းသွားရောလား " ဆိုပြီး ဖေ့ဘွတ်မိုင်ဒေးမှာ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ အားလုံးရဲ့ရင်ထဲကအပူမီး တွေကတော့ အတူတူပါပဲ။ ပရိသတ်တွေအပေါ် စေတနာထားတဲ့ဇင်လေးကို ပရိသတ်တွေကလည်း တန်ပြန်မေတ္တာနဲ့ အဆင်ပြေစေဖို့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

Photo Credit - Khin Thazin's FB Acc
Photo Credit - Khin Thazin's FB Acc
Photo Credit - Khin Thazin's FB Acc
Photo Credit - Khin Thazin's FB Acc

သတင်း အရင်းအမြစ်Khin Thazin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T