ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက် ရရှိထားသူကတော့  သရုပ်ဆောင် ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်။ သူကတော့ အရင်လို အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲ  ပြည်ပနိုင်ငံတွင် ဝါသနာပါရာ သင်တန်းတွေ တက်ရင်း အလုပ် လုပ်ကိုင်နေတာ  ဖြစ်ပါတယ်။  သို့သော်လည်းပရိသတ်တွေနဲ့ အမြဲအဆက်အသွယ်ရှိအောင် သူ့ရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်များမှတစ်ဆင့်  ဝေမျှပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း သူ့ရဲ့Facebook Page တွင် စာလေးတွေ ရေးသားထားတာ ဖြစ်ပါတယ်။  ဒါကတော့ အလှမယ် သူဇာဝင့်လွင် ဝင်ရောက် ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲကျင်းပမယ့် နေရာအထိ သွားအားပေးဖို့  လေယာဉ်လက်မှတ်ပါ ဝယ်ထားပြီးပြီ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။" Miss Universe Myanmar သူဇာဝင့်လွင်ကို Miami မှာသွားအား​ပေးမလို့ ပွဲလက်မှတ်ရပြီ..​လေယာဥ်လက်မှတ်လည်း ဝယ်ပြီးပြီ.. ဟိုတယ်လည်း book ပြီးပြီ..ကိုယ့်မြန်မာကို အား​ပေးချင်လွန်းလို့ကို တကူးတက သူငယ်ချင်းChrissy နဲ့ ၂ ​ယောက်သွားကြမယ်.. Chrissy ဆို LA က​နေလာရမှာ.. သူနဲ့လည်း ပြန်မဆုံဖြစ်တာကြာပြီ.. သူများ​နိုင်ငံကိုယ်စားပြုတွေ ​ရင်​ကော့ ကျော့​မော့ပြီး ထွက်လာရချိန် သူခမျာ အ​ခြေအ​နေဆိုး​တွေကြားက​နေ စွန့်စားပြီးတစ်​ယောက်ထဲ Hoodie ရယ် Sweatpants ရယ်ဝတ်ပြီး ထွက်လာရတာ.. ပြည်သူ​တွေရဲ့ ခွန်အားပေးတဲ့စကားသံ​လေး​တွေနဲ့ ကျွန်​တော်တို့ Miss Universe Myanmar ​လေးကို အား​ပေးလိုက်ကြရ​အောင်...Grand Final ကိုတော့လက်မှတ်မရလို့ TV ကပဲကြည့်​တော့မယ်..ကြိုးစားပါညီမ​ရေ.. Candy Thuzar " ဆိုပြီး အားပေးစကား ပြောထားတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမအချင်းချင်း အားပေးဖို့ လေယာဉ်ဖြင့် တကူးတကသွားရောက်မယ့် ဥက္ကာမင်းမောင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

Miss Universe ပြိုင်ပွဲကိုတော့ မေလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။  ယှဉ်ပြိုင်တဲ့ နေ့တွင်အလှမယ် သူဇာဝင့်လွင်အား အွန်လိုင်းမှတစ်ဆင့် Voting ပေးကြဖို့ကိုလည်း ဥက္ကာမင်းမောင်မှ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ဖော်ထုတ်ပြသနိုင်ဖို့  Miss Universe Myanmar သူဇာဝင့်လွင်ကို အားပေးကြပါဦးလို့  တိုက်တွန်းလိုက်ရပါတယ်နော်။

Source and Photo Crd-Okkar Min Maung’s Facebook Page 

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။