ချစ်ရတဲ့သမီးလေးတွေစိတ်ပျော်အောင် ကလေးဆိုးတဲ့နှုတ်ခမ်းနီလေးဆိုးပေးပြီး ကလေးတွေနဲ့အတူတူပျော်နေတဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/2f/2f0aa87575d028952fa8c9198e9e2ae7c1714889.png
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ရင်ခွင်မဲ့နေတဲ့ကလေးပေါင်းများစွာကို မေတ္တာတွေပေးပြီးစောင့်ရှောက်ထားတဲ့ ကလေးတို့ မေမေ ခိုင်နှင်းဝေဟာ ဂေဟာကသားသမီးတွေကို အမြဲတမ်းစိတ်ချမ်းသာအောင်ထားတတ်ပါ တယ်။ အကူအညီလိုနေတဲ့ဘယ်ကလေးမဆို မငြိုငြင်ဘဲခေါ်ယူစောင့်ရှောက်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ကလေးတွေကိုလည်း သက်သာပျောက်ကင်းတဲ့အထိ တာဝန်ယူပေးတဲ့ စေတနာရှင်တစ်ဦးပါ။ ကလေးတွေအပေါ်မှာစေတနာထားပြီးစောင့်ရှောက်တဲ့ သူမရဲ့မေတ္တာကိုအသိအမှတ်ပြုသူတွေကလည်း သူမဆီအလှူငွေတွေ လာရောက်လှူဒါန်း ကြပြီး ဒီအလှူငွေတွေတွေကိုလည်း အကူအညီလိုအပ်နေသူတွေဆီကို အရောက်ပို့ပေးခဲ့သူ ပရဟိတမင်းသမီးတစ်ဦးဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ကိုယ်တိုင်သားသမီးမရှိသော်ငြား သူမရဲ့ရုပ်ချင်းဆင်းတဲ့ ရွှန်းရွှန်းလေးကိုမွေးစားပြီးနောက်မှာ မိခင်မေတ္တာကိုအပြည့်အဝနားလည်သွားခဲ့ပြီး နောက်ထပ်ရင်ခွင်မဲ့ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက်ပေးခဲ့ပါတယ်။ လက်ရှိမှာလည်း ကလေးတွေအများကြီးကို ထပ်မခံခေါ်ယူမွေးစားနိုင်အောင် ဂေဟာအကြီးကြီးဆောက်လုပ်လျက်ရှိပါတယ်။ ကလေးတွေကို အမိုးအကာကောင်းကောင်းနဲ့ နေစေချင်တဲ့စိတ်ကြောင့် အခုလိုအပင်ပန်းခံပြီး ကြိုးစားနေတဲ့ မေမေခိုင်နှင်းဝေရဲ့မေတ္တာတွေကတော့ တကယ့်ကိုလေးစားစရာပါ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ချစ်ရတဲ့သမီးလေးတွေကို ကလေးတွေအတွက်ထုတ်ထားတဲ့နှုတ်ခမ်းနီလေးဆိုးပေးပြီး အတူတူပျော်နေကြတဲ့ ချစ်စဖွယ်ပုံလေးတွေကို " ကျမရဲ့အချစ်တွေ (သမီးတွေဆိုးတဲ့ နှုတ်ခမ်းနီမှာ နှုတ်ခမ်းသားများ မပျက်စီးသည့် ကလေးနှုတ်ခမ်းနီဖြစ်ပါတယ်ရှင်) " ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ မေတ္တာတွေအများကြီးပေးလို့ တန်ပြန်မေတ္တာတွေ အများကြီးပြန်ရပါစေ ကလေးတို့မေမေရေ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T