အမေများနေ့မှာ ချစ်ရတဲ့ အမေနှင့်တကွ မိခင်တွေအားလုံးကို ဆုတောင်းစကား ပြောပေးလိုက်တဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/57/5773e1b3b379919d6e80b4f52d1d1aa206332f12.jpeg
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....တေးသံရှင် နွေးနွေးချစ်ဖွယ်ကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိတာကြောင့် ဂီတလောကမှာ အောင်မြင်မှုတွေကို ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။သရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပြီး မိဘနှစ်ပါးကို လုပ်ကျွေးပြုစု စောင့်ရှောက်နေတဲ့ သမီးလိမ္မာလေး ပဲဖြစ်ပါတယ်။သူမက ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်ပြီး အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account

အခုလိုနိုင်ငံရေး အခြေအနေ မငြိမ်သက်တာကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကို နိုင်သလောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။လတ်တလောမှာဆိုရင် Social Network ပေါ်တွင် စျေးရောင်းကြတဲ့ မိတ်ဆွေ တွေရဲ့ ကုန်ပစ္စည်းတွေကို ကူညီပေးတဲ့ အနေနဲ့ သူမရဲ့ Facebook စာမျက်နှာကနေ ကြော်ငြာပေးနေတာ ဖြစ်ပါတယ်။ဒီနေ့မှာတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် အမေများနေ့မှာ ချစ်ရတဲ့ အမေနှင့် တကွ လောကမှာရှိတဲ့ မိခင်တွေကို ဆုတောင်းစကား ပြောထားတာ ပဲဖြစ်ပါတယ်။

Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account

"အမေနှင့်တကွ လောကမှာရှိသောမိခင်များအားလုံးကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ?သားသမီးအပေါ်အချစ်ကြီးမှုနှင့် တုနှိုင်းမရတဲ့ မိခင် မေတ္တာ ကြောင့်ဖြစ်ပေါ်နေသော ပူပင်သောက​ ဗျာပါတ တရားတွေ မိခင်တိုင်းကင်း​ဝေးကြပါစေ?အမေနှင့်တကွအမေများအားလုံးကန်တော့လိုက်ပါတယ်?အရမ်းချစ်တယ် မေမေ?"ဆိုပြီး အမေရဲ့ပုံရိပ်တွေနဲ့ အတူ မျှဝေပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း သူမရဲ့အမေကို ကျန်းမာသက်ရှည်ပျော်ရွှင်ပါစေ လို့ဆုတောင်းပေးကြတာကိုလည်း တွေ့ရပါတယ်။

Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account
Photo Credit-Nway Nway Chit Phwel FB Account
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T