တစ်ရက်ကို (၁၂)နာရီပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင်တောင် သူရဲ့ကျန်တဲ့အသက်ကို ညီလေးနဲ့အတူမျှဝေပြီး ရှင်သန်ချင်ကြောင်းဖွင့်ဟလာတဲ့ ကိုကို

//s9.kh1.co/b1/b157c6bc3ea4fc791d0da683df195b0fe7e2f3cc.jpg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

တစ်ရက်ကို (၁၂)နာရီပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင်တောင် သူရဲ့ကျန်တဲ့အသက်ကို ညီလေးနဲ့အတူမျှဝေပြီး ရှင်သန်ချင်ကြောင်းဖွင့်ဟလာတဲ့ ကိုကို

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းလေးညီညီကိုတော့ ပြည်သူတွေအားလုံးက အခုချိန်အထိ သတိတရရှိနေဆဲ ဖြစ်ပါတယ် ။ ညီညီက သူ့ရဲ့အမွှာအစ်ကိုဖြစ်သူ ကိုကိုနဲ့အတူ ဆန္ဒထုတ်ဖော်နေရင်းကနေ လူစုကွဲသွားတဲ့အချိန်မှာ ကျည်ထိမှန်ခဲ့တာပဲ ဖြစ်ပါတယ် ။ ကျည်မှန်တဲ့ဒဏ်ရာကြောင့် လှည်းတန်း၊ကျောင်းရှေ့မှတ်တိုင်နားမှာ လဲကျသွားခဲ့တဲ့ ညီညီ့ရဲ့မြင်ကွင်းကတော့ ပြည်သူတွေရဲ့ရင်ထဲမှာတောင် မမေ့ပျောက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc

ညီညီကျဆုံးပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေက ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့မိသားစုလေးကို တတ်နိုင်သလောက် ဖေးမကူညီပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအားလုံးကလည်း ညီညီ့အတွက် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပေးနေတာ နှစ်လတောင်ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက ညီညီ့ရဲ့အစ်ကိုဖြစ်သူ ကိုကိုတင်ထားတဲ့စာလေးကို ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc

စာထဲမှာတော့ ကိုကိုက သူ့အနေနဲ့ တစ်ရက်မှာ (၁၂)နာရီပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင်တောင် သူ့ရဲ့ကျန်တဲ့အသက်ကို ညီလေးနဲ့အတူဝေမျှပြီး ရှင်သန်ချင်ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ "ငါမင်းကိုသတိရနေတယ် ညီလေး" ဆိုပြီး ညီလေးကိုလွမ်းကြောင်း ပြောထားတဲ့ ကိုကို့ရဲ့စာလေးက ဖတ်ရသူအဖို့ မျက်ရည်ဝဲသွားစေလောက်တာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ သူရဲကောင်းလေး ညီညီလည်း ကောင်းရာမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Ko Ko's FB Acc

Photo Credit- Original Uploader & KoKo's FB Story 
Photo Credit- Original Uploader & KoKo's FB Story 
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T