အခြေအနေတွေကြောင့်တိမ်းရှောင်နေရင်း မိခင်ကြီးရဲ့နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့်မရခဲ့တဲ့ ဒါရိုက်တာဏကြီး

//s9.kh1.co/a5/a50a2910684f406b7919e67536b53e947a2ba922.png
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

တိုင်းပြည်အကျပ်အတည်းကာလရောက်နေတဲ့အချိန်မှာ ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ (၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ပါတယ်။ ရပ်တည်ချက်ပြတ်သားသူတွေဖြစ်တာကြောင့် ဘယ်နေရာပဲရောက်ရောက် ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့ပြီး ရင်ထဲကဆန္ဒတွေကို ရသလောက်ထုတ်ဖော်နေဆဲပါပဲ။ ဒီနေ့မှာတော့ ပိုင်ဖြိုးသုရဲ့မိခင်ဟာ ဒါရိုက်တာဏကြီးရဲ့မိခင်ဆုံးပါးသွားပြီဆိုတဲ့စိတ်မကောင်းစရာသတင်းတစ်ခုကို သားနဲ့သမီးကိုရော ပရိသတ်တွေကိုပါ အသိပေးပြောကြားခဲ့ပါတယ်။

Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc

ဒါရိုက်တာဏကြီးဟာ မိခင်ဖြစ်သူနဲ့မတွေ့ရတာ (၃) လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင်တော့ ဘ ယ်တော့မှပြန်မဆုံနိုင်တော့တဲ့ သံသရာခရီးကို မိခင်ကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သားဖြစ်သူအနားမှာမရှိပေမယ့် ခမည်းခမက်ဖြစ်သူ ပိုင်ဖြိုးသုရဲ့မိခင်က စောင့်ရှောက်ပေးထားခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာတောင်သားဖြစ်သူနဲ့မတွေ့လိုက်ရတဲ့မိခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ မိခင်ရဲ့နောက်ဆုံးအချိန်ကို အနားမှာမရှိပေးနိုင်လိုက်တဲ့ သားတစ်ယောက်ရဲ့ခံစားချက်ကတော့ တကယ်ကိုဖြည်မဆည်နိုင်အောင်ပါပဲ။ ဆုံးပါးသွားတဲ့ အန်တီဒေါ်တင်တင်နွယ်လည်း ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc

ခမည်းခမက်ဖြစ်သူနဲ့ သားမက်ဖြစ်သူအတွက် စိတ်မကောင်းရတဲ့အကြောင်းကို " (၂၀၂၁) ခုနှစ်ကတော့ မျှော်လင့်မထားတဲ့ဝမ်းနည်းစရာ‌အဖြစ်အပျက်တွေနဲ့ပြည့်‌နှက်နေပါတယ်။ ( မေလ ၈ရက်) ညက ကျမရဲ့ခမည်းခမက် သားကိုဏကြီးရဲ့ကျေးဇူးရှင်မိခင်ကြီး အစ်မဒေါ်တင်တင်နွယ် ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပါတယ်။ သနားစရာကောင်းတဲ့သားအမိ မတွေ့ကြရတာ (၃) လရှိခဲ့ပြီ းအခုတော့တစ်သက်တာပြန်မတွေ့နိုင်တော့တဲ့သံသရာခရီးရှည်ကြီးကိုအစ်မကြီးထွက်ခွာသွားခဲ့ပါပြီ။ သားတို့သမီးတို့အနေနဲ့ မိခင် / ယောက္ခမရဲ့ နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်နိုင်ခွင့်မရှိတဲ့အတွက်ယူကြုံးမရဖြစ်မိပါတယ်။ သားရေ ဝဋ်ကြွေးရှိခဲ့ရင်လည်းဒီမျှနဲ့ကြေပါစေ။ အစ်မရေ စိတ်ဖြောင့်‌ဖြောင့်နဲ့ မြင့်မြတ်တဲ့ဘုံမှာ စံမြန်းပါတော့နော်။ " ဆိုပြီး ပိုင်ဖြိုးသုရဲ့မိခင်က လူမှုကွန်ယက်မှာ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc
Photo Credit - Paing Phyoe Thu's FB Acc

သတင်း အရင်းအမြစ်Paing Phyoe Thu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T