ဆုံးပါးသွားတဲ့မိခင်ကို သတိရလို့ အမေများနေ့မှာ မပျော်ရွှင်နိုင်တဲ့အကြောင်း ပြောလာတဲ့ သန္တာဗိုလ်

//s9.kh1.co/d4/d420c50344e46b7cd945f7f7d8a5506e4841b12c.png
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မိခင်ဆိုတာသားသမီးတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုပါပဲ။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဂရုစိုက်ခဲ့ပြီး လူ့လောကတဲ့ရောက်တဲ့အချိန်မှာလည်း အသက်အရွယ်ကြီးရင့်တဲ့အထိ ကိုယ့်အပေါ်ချစ်ခင်ပြီးမြတ်နိုးပေးတာဟာ မိခင်ပါပဲ။ ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအမနှစ်ယောက်ဟာ ဆုံးပါးသွားတဲ့မိခင်ကြီးကို အမြဲတမ်းသတိရနေခဲ့ပြီး အခွင့်အရေးရတိုင်း ကွယ်လွန်သူမိခင်ကြီးကိုရည်စူးပြီး အလှူအတန်းတွေလုပ်ပေးနေဆဲပါပဲ။ မိခင်ကြီးဖြစ်စေချင်တဲ့အတိုင်း အလုပ်တွေကြိုးစားပြီး အောင်အောင်မြင်မြင်ဖြစ်အောင်လုပ်မယ်လို့လည်း ချောရတနာက ကတိပေးခဲ့ပါသေးတယ်။

Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Acc

ဒီနေ့ဟာအမေများနေ့ဖြစ်ပြီး ကိုယ့်ရဲ့မိခင်အပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြနိုင်တဲ့နေ့တစ်နေ့ဖြစ်ပေမယ့် ချစ်ရမယ့်မိခင်က သက်ရှိထင်ရှားမရှိတော့တာကြောင့် ညီအမနှစ်ယောက်လုံး အမေ့ပုံလေးကိုပဲကြည့်ရင်းအလွမ်းဖြေနေခဲ့ရတာပါ။ သန္တာဗိုလ်ကတော့ အမေများနေ့မှာ မိခင်ရဲ့ပုံလေးနဲ့ သူမလွမ်းနေရတဲ့အကြောင်းကို " Un-happy Mother's Day for me !___! miss u xo much Mom " ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ အတူတူရှိတဲ့အချိန်တွေမှာလည်း ပျော်စရာတွေ အလှူအတန်းတွေ အတူတူလုပ်လိုက်နိုင်တာမို့ အလွမ်းဖြေစရာတွေအများကြီးကျန်ခဲ့ပါတယ်။

Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Acc

အနားမှာ အမဖြစ်သူရော ချစ်သူရောရှိနေပေမယ့် မိခင်ကိုလွမ်းတဲ့စိတ်ကတော့ ဘယ်အရာနဲ့မှ အစားထိုးမရနိုင်ခဲ့ပါဘူး။ သမီးအငယ်လေးဖြစ်တာမို့ တစ်အိမ်လုံးရဲ့အချစ်တွေကို အပြည့်အဝရခဲ့တာကြောင့် ဘိုရစ်ဟာ အချစ်တွေနဲ့ကြီးပြင်းလာခဲ့တဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်လှည့်တစ်ပြန် ဂရုစိုက်ပြီးချစ်ပေးရမယ့်အချိန်ကျမှ အပြည့်အဝမချစ်ရသေးခင်မှာပဲ မိခင်ဖြစ်သူဆုံးပါးသွားတာကြောင့် မိသားစုတစ်ခုလုံး စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ သတိရတိုင်းမှာ မိခင်အတွက် ကောင်းမှုကုသိုလ်တွေလုပ်ရင်းနဲ့ လွမ်းတဲ့စိတ်ကိုဖြေနေခဲ့ကြပါတယ်။

Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Acc

သတင်း အရင်းအမြစ်Thandar Bo's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T