ကြပ်တည်းနေတဲ့အချိန်မှာ နည်းနည်းလေးအထောက်အကူဖြစ်ဖို့အတွက် မေတ္တာအပြည့်နဲ့ လိုက်လံကူညီပေးနေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/f9/f95077d04d52720a4b1501b00b5acdfd34f692c6.jpeg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကြပ်တည်းနေတဲ့အချိန်မှာ နည်းနည်းလေးအထောက်အကူဖြစ်ဖို့အတွက် မေတ္တာအပြည့်နဲ့ လိုက်လံကူညီပေးနေတဲ့ ပြည်သူတစ်ဦး

ပြည်သူတွေကတော့ မေတ္တာ၊စေတနာကြီးမားကြလို့ ကိုယ့်ရဲ့အခက်အခဲကိုတောင်မေ့ပြီး တစ်ခြားသူအပေါ်တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာ လူတိုင်းနီးပါး စီးပွါးရေးတွေ ရပ်တန့်ထားရပေမယ့် ရှိတာလေးတွေနဲ့သာ စားသောက်နေထိုင်နေရတာဖြစ်ပါတယ်။တချို့လက်လုပ်လက်စားပြည်သူတွေဆိုရင်လက်ရှိအခြေအနေကြောင့် ပိုပြီးကြပ်တည်းနေရပြီး စားဝတ်နေရေးအဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အလှူခံပိုစ့်တွေတွေ့တိုင်း သဒ္ဓါတရားထက်သန်စွာနဲ့တစ်တပ်တစ်အားထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။ပြည်သူတွေအားလုံးရဲ့ စုပေါင်းစေတနာကြောင့် တချို့ခက်ခဲနေသူတွေ နည်းနည်းလေးပဲဖြစ်ဖြစ် အဆင်ပြေသွားကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပြည်သူတစ်ဦးကစာအိတ်လေးထဲကို ငွေသားလေးတွေထည့်ပြီး ခက်ခဲစွာနေထိုင်နေရတဲ့နေရာတွေဆီ အရောက်သွားကာ လိုက်လံလှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စာအိတ်လေးပေါ်မှာလည်း”ကြပ်တည်းနေတဲ့အချိန်မှာ နည်းနည်းလေးတော့ အထောက်အကူဖြစ်မှာပါ နွေဦးမေတ္တာ”ဆိုပြီး ရေးသားထားသေးတာဖြစ်ပါတယ်။ပြည်သူတွေကတော့ အပြန်အလှန်ရိုင်းပင်းကူညီကြပြီးအခက်အခဲတွေကို မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။တစ်ဦးစေတနာ၊တစ်ဦးမေတ္တာဆိုသလို လူသားအချင်းချင်းစာနာထောက်ထားပေးကြပြီး လက်ရှိကြုံတွေ့နေရတာတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာဖြစ်လို့ ဒီအလှူလေးကိုလည်း သာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T