ကိုရီးယားရောက်နေပေမယ့် ကြောက်ရွံ့နေရတဲ့စိတ်တွေ မပျောက်သွားဘဲ ဘာလုပ်လုပ်မျက်ရည်ကျနေမိတယ်ဆိုတဲ့ ဟန်နာယူရီ

//s9.kh1.co/4d/4de8f6ef0164cdabcf3eb53e43725941e32297f4.png
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူတွေရဲ့စိတ်ထဲမှာဝင်ရောက်လာနေပြီဖြစ်တဲ့ အကြောက်တရားတွေဟာ တစ်ရက်ထက် တစ်ရက် ပိုပိုပြီးကြီးထွားလာခဲ့ပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေဟာ အားလုံးကို ကြောက်စိတ်ရော သတ္တိစိတ်ပါ တပြိုင်တည်းသွင်းပေးနေသလိုပါပဲ။ မြန်မာ့နွေဦး တော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်ခဲ့တဲ့ဟန်နာယူရီဟာ လက်ရှိမှာတော့ ကိုရီးယားနိုင်ငံကို ကျောင်းတက်ဖို့ ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ လူကဘေးကင်းလုံခြုံရာကို ရောက်သွားပေမယ့် စိတ်တွေကတော့ မလုံခြုံနိုင်တော့ဘဲ ဒီမှာနေခဲ့တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်တွေအတိုင်း ပြန်လည်ခံစားနေခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc

သူမရဲ့လက်ရှိစိတ်အခြေအနေဟာ မြန်မာပြည်သူတွေနဲ့တစ်ထပ်တည်းဖြစ်နေခဲ့ပြီး ကြောက်ရွံ့ ဝမ်းနည်းနေရတဲ့အကြောင်းကို " ကိုးရီးယားရောက်ပြီးကျွန်မစိတ်အခြေအနေပိုဆိုးလာတယ် ကျွန်မညတွေအိပ်မရဘူး နံရံတွေပိလာသလိုခံစားရတယ်။ အပြင်သွားရင် ဒီကအေးအေး ဆေးဆေး ရယ်မောသွားလာနေတဲ့လူတွေကိုငေးပြီး ကိုယ့်နိုင်ငံကလူတွေ ကြုံခံစားနေရတာတွေကိုယှဉ်မိပြီး သနားတယ် စိတ်အားငယ်တယ်။ bus ကားစီးရင်းလည်းငိုတယ် လမ်းကူးလည်း ငိုတယ် စိတ်ထိခိုက်မှုတွေများနေလို့ ခဏလေးအနားယူချင်ပေမယ့် အနားမယူရဲဘူး ခဏအိပ်မိရင်တောင် ငါအိပ်နေချိန်ဟိုမှာဘာတွေဖြစ်နေမလဲ ဘာမှမလုပ်နိုင်တာသိပေမယ့် စိတ်မချနိုင်ဘူး "

Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc

" အရင်လိုရဲရဲရင့်ရင့်နဲ့ အလုပ်တွေလုပ်လာတဲ့ကိုယ်ရပ်တည်မှုကိုမေ့ပြီး သိမ်ငယ်အားငယ်ပါ တယ် ဒီအနေထားထိလုပ်ခဲ့တာကိုနောင်တမရပေမယ့် Korea ရောက်လာတာကို အခုနောင်တရပါတယ်။ ကျောင်းဖွင့်တော့မယ် အရာအားလုံးမေ့ပြီးနောက်ဆံမတင်းဘဲ စာဘယ်လိုလုပ်ရမလဲ ဒီမှာဘာတွေ ဆက်ကြုံရမလဲ စိုးရိမ်တယ်။ စိတ်အားငယ်တယ်။ ဒီအိမ်မက်ဆိုးကြီးကနေ အားလုံးအတူတူ အမြန်လွတ်မြောက်ချင်တယ် ပြည်သူတွေကိုအမြန်ဘေးကင်းအဆင်ပြေစေချင်တယ်။ ဘဝမှာ ဒီ trauma ကြီးတွေကသေရာပါဒဏ်ရာတွေလို အမြဲအတူရှိသွားမှာ ကြောက်တယ်။ တော်လှန်ရေး အမြန် အောင်မြင်ချင်ပါတယ် " ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ ဒီလိုအခြေအနေဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်ပြီး ပြည်သူတွေပျော်ရွှင်ရမယ့် နေ့ရက်ကိုရောက်လာပါစေလို့ ဆုတောင်းပါတယ်။

Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc

သတင်း အရင်းအမြစ်Hanna Yuri's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T