ပြိုင်ပွဲမှာဝတ်ရမယ့်ဝတ်စုံတွေ ထည့်ထားတဲ့အိတ်ကို လေကြောင်းလိုင်းရဲ့ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားခဲ့ရတဲ့ Miss Universe Myanmar သူဇာဝင့်လွင်

//s9.kh1.co/06/061fb6962d9b226bb36853cbdc1c92a0b326a362.jpeg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီး​ရေ.. မြန်မာ့ဂုဏ်ဆောင်အနုပညာရှင်အလှမယ်တစ်ယောက်ဖြစ်တဲ့ Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်ကတော့ လတ်တလောမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်..။

သူဇာဝင့်လွင်ကတော့ အမေရိကန်နိုင်ငံ၊ဖလော်ရီဒါတွင် ကျင်းပမယ့် (၆၉) ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲမှာဝတ်ဆင်မယ့် ဝတ်စုံတွေထည့်ထားတဲ့ သူမရဲ့အိတ်ဟာ ပျောက်ဆုံးခဲ့ရပါတယ်..။

Photo Credit - Thuzar Wint Lwin's Fb Acc
Photo Credit - Thuzar Wint Lwin's Fb Acc
Photo Credit - Thuzar Wint Lwin's Fb Acc
Photo Credit - Thuzar Wint Lwin's Fb Acc

ပြိုင်ပွဲမှာဝတ်ရမယ့်ဝတ်စုံတွေ ထည့်ထားတဲ့ သူမရဲ့အိတ်ဟာ American Airline လေဆိပ်တာဝန်ရှိသူတွေရဲ့ပေါ့ဆမှားယွင်းမှု​ကြောင့် LA လေဆိပ်မှာ ကျန်ခဲ့တာဖြစ်ပြီး final ပြိုင်ပွဲမတိုင်ခင် မချိန်မှီ​ပြန်ရ​အောင် ကြိုးစားနေတယ်လို့ သိရပါတယ်..။

ပြိုင်ပွဲအတွက် အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြသလို ဝတ်စုံထည့်ထားတဲ့ သူဇာဝင့်လွင်ရဲ့အိတ်ကျန်ခဲ့တဲ့အတွက် ကူညီပေးကြဖို့ ဥက္ကာမင်းမောင်ကလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားတိုက်တွန်းထားပါသေးတယ်..။

Photo Credit - Thuzar Wint Lwin's Fb Acc
Photo Credit - Thuzar Wint Lwin's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc

"LA မှ သူငယ်ချင်းများ.. Miss Universe Myanmar Candy Thuzar ရဲ့ Evening gown ​တွေပါတဲ့ luggage ​က American Airline ရဲ့ မှားယွင်းမှူ​ကြောင့် LA လေဆိပ်မှာကျန်ခဲ့တဲ့အတွက် final ပြိုင်ပွဲမတိုင်ခင် မချိန်မှီ​ပြန်ရ​အောင် ကူညီလို့ရရင်ကူညီပါ.. သူတို့လည်း ပြန်ရ​အောင်ကြိုးစား​နေပါတယ်တဲ့.. အခုထိ မရ​သေးပါ.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

သူဇာဝင့်လွင်ရဲ့အတွက်လည်း ဆုတောင်းစကားတွေဆိုထားကြသလို အိတ်ပြန်ရအောင် တစ်ဖက်တစ်လမ်းက ကူညီလုပ်ဆောင်ပေးနေတဲ့ ဥက္ကာမင်းမောင်ကို ပရိသတ်တွေက ချီးကျူးစကားတွေနဲ့ အားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Thuzar Wint Lwin's Fb Acc
Photo Credit - Thuzar Wint Lwin's Fb Acc

သတင်း အရင်းအမြစ်Okkar Min Maung's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T