မြန်မာနိုင်ငံအနှံ့အပြားမှာ နေထိုင်ကြတဲ့ ပြည်သူတွေကတော့ အခုရက်ပိုင်းမှာဆိုရင် စည်းစည်းလုံးလုံးနဲ့ လမ်းပေါ် ပြန်ထွက်လာကြပြီး လူထုလှုပ်ရှားမှုတွေကို အင်အားအပြည့်နဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ပြည်သူတွေက အရာရာကို စွန့်လွှတ်အနစ်နာခံကာ အားတင်းရင်း ဒီအခြေအနေကို တောင့်ခံနေကြဆဲပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင်လည်း လူကြီး၊လူငယ် မရွေး ပါဝင်အားဖြည့်ပေးကြပြီး တစ်ယောက်ကိုတစ်ယောက် ကာကွယ်စောင့်ရှောက်ပေးရင်း ယုံကြည်ချက်ပန်းတိုင်ကို ရောက်ဖို့ လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကြီးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းက ပြည်သူတွေပါမက ပြည်ပကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကပါ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေကြတာလည်း တကယ်ကိုအင်အားဖြစ်မိတာ အမှန်ပါပဲ ။ကိုရီးယား ၊ ဂျပန် ၊ထိုင်ဝမ် အပြင် နယူးယောက် ၊ အမေရိကန် စတဲ့ နိုင်ငံအသီးသီးက ပြည်ပရောက်မြန်မာတွေဟာလည်း လမ်းမပေါ်ထွက်ကာ ချီတက်လှုပ်ရှားမှုတွေအပြင် အခြားထိရောက်တဲ့ နည်းလမ်းတွေနဲ့လည်း ပါဝင်လှုပ်ရှားပေးနေကြတာကို ဝမ်းမြောက်စွာတွေ့မြင်ရပါတယ်။
ယနေ့ မေလ (၁၀)ရက်နေ့မှာဆိုရင် အမေရိကန်မှာနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေကလည်း Save Myanmar ဆိုတဲ့ စာတန်းကို လေယာဉ်မှာ ချိတ်ဆွဲပြီး ကောင်းကင်ထက်မှာ ပျံသန်းပြကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။တကယ်ကို ရရာနေရာတွေကနေ ကိုယ့်တိုင်းပြည်အတွက် ပါဝင်လှုပ်ရှားပေးနေကြတာ လေးစားမိတာအမှန်ပါပဲနော်။ပရိသတ်ကြီးအတွက် အမေရိကန်ရောက် မြန်မာလူမျိုးတွေရဲ့ ဆန္ဒထုတ်ဖော်မှု ပုံရိပ်တွေကို ဖော်ပြပေးရင်း မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။