လွန်ခဲ့တဲ့(၁)လတုန်းက ပဲခူးမြို့မှာဖြိုခွင်းခံရပြီး အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/4f/4fe4292b8cba10bcf1638d84c5560b0423836314.jpg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လွန်ခဲ့တဲ့(၁)လတုန်းက ပဲခူးမြို့မှာဖြိုခွင်းခံရပြီး အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်ပြောပြလာတဲ့ ပြည်သူတစ်ဦး

လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ကာလအတွင်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျဆုံးခဲ့တဲ့ပြည်သူပေါင်း (၇၀၀) ကျော်တောင် ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ပြည်သူတွေက အန္တရာယ်တွေကြားထဲကနေ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၈) ရက်နေ့တုန်းကလည်း ပဲခူးမြို့မှာ ပြည်သူတွေပြုလုပ်ထားတဲ့ ခံတပ်ကို ဖြိုခွင်းခံခဲ့ရတာကြောင့် ကျဆုံးသူတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဲ့ဒီနေ့မှာပဲ ပဲခူးမြို့က ပြည်သူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို တစ်ချို့ဆိုရင် နေရပ်ကိုတောင်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒီအခြေအနေတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦးကတော့ အဲ့ဒီနေ့တုန်းက အဖြစ်အပျက်တွေကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။ တစ်လမ်းလုံး မီးခိုးလုံးတွေနဲ့ ဖုံးလွှမ်းသွားပြီး တစ်မြို့လုံးနီးပါး ပစ်ဖောက်ဖြိုခွင်းခဲ့ရတာကြောင့် ပြည်သူတွေဒုက္ခရောက်ခဲ့ရပုံတွေကို ရေးသားထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး လူပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အဲ့ဒီနေ့က အခြေအနေတွေကိုတော့ ပြည်သူတွေရဲ့ရင်ထဲမှာ မမေ့နိုင်အောင်ဖြစ်နေဆဲ ဖြစ်ပါတယ် ။ အခုဆိုရင် တစ်လပြည့်သွားခဲ့ပြီဖြစ်တာကြောင့် ကျဆုံးခဲ့တဲ့ ပဲခူးမြို့က သူရဲကောင်းတွေအတွက် မိသားစုဝင်တွေကလည်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ ဒီလိုမျိုးဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း ပဲခူးမြို့မှာရှိတဲ့ ပြည်သူတွေကတော့ သွေးမအေးသွားဘဲ ရရာနည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T