ပြည်သူတွေကိုကာကွယ်ချင်စိတ်နဲ့ ရေကြမ်းမြေကြမ်းမှာ နေပူမရှောင်၊မိုးရွာမရှောင် ကြိုးစားလေ့ကျင့်ပြီး အားတင်းနေရှာတဲ့ Gen Z လူငယ်တွေအကြောင်း

//s9.kh1.co/83/83baea224e4050aa7ee2d586fdbe61d7b272b39c.jpg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေကိုကာကွယ်ချင်စိတ်နဲ့ ရေကြမ်းမြေကြမ်းမှာ နေပူမရှောင်၊မိုးရွာမရှောင် ကြိုးစားလေ့ကျင့်ပြီး အားတင်းနေရှာတဲ့ Gen Z လူငယ်တွေအကြောင်း

လူငယ်တွေကတော့ တိုင်းပြည်ရဲ့မျိုးဆက်သစ်လေးတွေဖြစ်ကြသလို အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီလူငယ်တွေက အခုချိန်မှာ ပြည်သူတွေကို အရှေ့ဆုံးကနေ ဦးဆောင်ပြီး လူထုလှုပ်ရှားမှုတွေကို ရဲရဲဝင့်ဝင့်ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် လူငယ်တွေက သူတို့နေထိုင်ရာ နေရာဒေသမှာရှိတဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက်ဆိုရင် အမြဲတမ်း အသင့်ရှိနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

လမ်းပေါ်ထွက်ပြီး ပြည်သူတွေ ဆန္ဒထုတ်ဖော်ကြတဲ့ အချိန်တုန်းကဆိုရင်လည်း လူငယ်တွေက ရှေ့ဆုံးကနေ အကာအကွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ လူငယ်တစ်ချို့က တောထဲတောင်ထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်ရေးဆင်းနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက ရေကြမ်းမြေကြမ်းမှာ ကြိုးစားလေ့ကျင့်နေရှာတဲ့ လူငယ်တွေရဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အရင်က ရေပုံးတစ်ပုံးတောင် မသယ်ခဲ့တဲ့သူတွေက အခုဆိုရင် တိုင်းပြည်ကိုကာကွယ်ချင်တဲ့စိတ်နဲ့ ကြိုးစားနေကြပုံကို ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ လူငယ်တွေကတော့ နေပူမရှောင်၊ မိုးရွာမရှောင် လေ့ကျင့်ရင်းနဲ့ပဲ အဆင်ပြေသလို နေထိုင်စားသောက်ကာ အားတင်းနေရတယ်လို့လည်း စာထဲမှာဖော်ပြထားပါသေးတယ်။ ပြည်သူတွေကတော့ အဲ့ဒီလူငယ်တွေအတွက် ဘေးအန္တရာယ် ကင်းပါစေဆိုပြီး ဆုမွန်ကောင်းတောင်းပေးနေတာလည်း ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T