လှူဒါန်းပေးထားတဲ့ခြေတုလေးကြောင့် လမ်းပြန်လျှောက်နိုင်ခဲ့လို့ ပျော်နေတဲ့ကလေးကိုကြည့်ပြီး ပီတိဖြစ်ရတယ်ဆိုတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/eb/eba30257e3f4ab960fcc82cc0c84c404b32a7d23.png
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လူမမယ်ကလေးငယ်တွေရဲ့ဘဝကိုနွေးထွေးလုံခြုံအောင်စောင့်ရှောက်ပေးတဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေဟာ ခြေတုတပ်ဖို့လိုအပ်နေတဲ့သူတွေအတွက်လည်း ခြေတုတွေလှူဒါန်းပေးခဲ့ပါတယ်။ ဒီနေ့မှာလည်း သူမ လှူဒါန်းပေးခဲ့တဲ့ (၁၅) ယောက်မြောက် ခြေတုအလှူကို လက်ခံရရှိခဲ့တဲ့ ကလေးဟာ ခြေတုအသစ်လေးနဲ့ အရမ်းကိုအဆင်ပြေပြီး ပျော်ရွှင်နေတာကြောင့် သူမလည်း ထပ်တူပီတိဖြစ်ရကြောင်း လူမှုကွန်ယက်မှာဝေမျှခဲ့ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး အဆင်ပြေပျော်ရွှင်သွားတာကို ကြည့်ရတဲ့ပီတိဟာ ဘာနဲ့မှမတူပါဘူး။ စိတ်ထားလှတဲ့ ပရဟိတမင်းသမီးမို့ အကူအညီလိုတဲ့သူတိုင်းကို တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

အရင်ခြေတုအဟောင်းဟာ လက်ရှိမှာမတော်တော့တာကြောင့် လမ်းလျှောက်လို့အဆင်မပြေ ဖြစ်နေခဲ့ရာမှ သူမ လှူဒါန်းပေးလိုက်တဲ့ ခြေတုအသစ်လေးပိုင်ဆိုင်နိုင်ခဲ့လို့ ကျေနပ်ပီတိဖြစ်နေတဲ့ ကလေးရဲ့ပုံရိပ်တွေဟာ မြင်သူတိုင်းအတွက်လည်း ထပ်တူပျော်ရွှင်စေနိုင်ပါတယ်။ ကလေးတိုင်းအပေါ်မှာမေတ္တာထားပြီး ကူညီတတ်တဲ့ မေမေခိုင်နှင်းဝေရဲ့ စိတ်စေတနာကြောင့် အလှူရှင်တွေဟာလည်း သူမပိုပြီးကူညီပေးနိုင်ဖို့ ထောက်ပံ့လှူဒါန်းမှုတွေ လုပ်ပေးခဲ့ကြပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ခြေတုအသစ်လေးကြောင့် လမ်းလျှောက်လို့ရပြီး ကျောင်းလည်းတက်လို့ရတော့မှာမို့ ပျော်နေတဲ့ အကြောင်းလေးပြန်ကြားရတော့ မေမေခိုင်နှင်းဝေလည်း အရမ်းကိုကျေနပ်နေခဲ့ပါတယ်။ လိုနေတဲ့ ဘဝတိုင်းကို တတ်စွမ်းသလောက်ဖြည့်ပေးရင်း သူမရဲ့ဘဝဟာ ပိုပြီးနေပျော်လာခဲ့ပါတယ်။ ချစ်ရတဲ့သားသမီးလေးတွေအပြင် အကူအညီလိုသူတိုင်းကို ကူညီပေးနိုင်ဖို့အတွက် အလုပ်တွေ အများကြီးကြိုးစားနေတဲ့ မေမေခိုင်နှင်းဝေကို သာဓုအကြိမ်ကြိမ် ခေါ်ဆိုပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T