ဘာမှမဖြစ်ခဲ့သလိုပဲ ပုံမှန်သွားလာနေကြသူတွေကို ထိထိမိမိစကားတစ်ခွန်းနဲ့ သတိပေးလိုက်တဲ့ မြနှင်းရည်လွင်

//s9.kh1.co/da/dac4e81cfc848a38445f9070dde3b8d5b5474b61.png
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုမရမခြင်းပြီးဆုံးမှာမဟုတ်တဲ့ တိုက်ပွဲတစ်ခုပါ။ ဒီတော်လှန်ရေးမှာ ပါဝင်ကြသူအားလုံးဟာ ဆုံးခန်းတိုင်တဲ့အထိဆက်တိုက်သွားကြဖို့ပဲ စိတ်အားထက်သန်နေကြပါတယ်။ မငြိမ်းချမ်းမှုတွေကနေ ငြိမ်းချမ်းမှုဆီကိုရောက်နိုင်ဖို့အတွက် ဒီတိုက်ပွဲ အောင်နိုင်မှဖြစ်မှာပါ။ ဖေဖော်ဝါရီနဲ့ မတ်လမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သပိတ်စစ်ကြောင်းတွေဟာ လက်ရှိမှာတော့ အရင်ကလောက် အားမကောင်းတော့ပါဘူး။ အန္တရာယ်ရှိနေတဲ့ကြားထဲက အပြင်ကိုထွက်ပြီး မိမိတို့ရဲ့ကိုယ်ပိုင်ဆန္ဒကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ကြသူတိုင်းဟာ လေးစားစရာပါ။

Photo Credit - Mya Hnin Yee Lwin's FB Acc
Photo Credit - Mya Hnin Yee Lwin's FB Acc

နွေဦးတော်လှန်ရေးစကတည်းက တက်တက်ကြွကြွပါဝင်ခဲ့တဲ့ သရုပ်ဆောင်မြနှင်းရည်လွင်ဟာ လက်ရှိအချိန်ထိလည်း စိတ်အားထက်သန်နေဆဲပါပဲ။ ပုဒ်မ (၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဘေးကင်းရာကိုပြောင်းရွှေ့နေခဲ့ပေမယ့် သူမကို တစ်နေရာရာမှာ တွေ့လိုက်တယ်ဆိုတဲ့စကားတွေကြောင့် လည်း အတော်လေးစိတ်အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ မိသားစုတွေနဲ့အတူမနေနိုင်ဘဲ တိမ်းရှောင်နေရတဲ့ခံစားချက်ဟာ ကိုယ်တိုင်ဖြစ်ဖူးမှ ကိုယ်ချင်းစာတတ်တာမျိုးပါ။ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ မမမြကတော့ အဆုံးထိတိုက်ပွဲဝင်သွားမှာပါ။

Photo Credit - Mya Hnin Yee Lwin's FB Acc
Photo Credit - Mya Hnin Yee Lwin's FB Acc
Photo Credit - Mya Hnin Yee Lwin's FB Acc
Photo Credit - Mya Hnin Yee Lwin's FB Acc

ဒီနေ့မှာလည်း သူမရဲ့လူမှုကွန်ယက်ကနေတဆင့် " ငါတို့ဟာ ကောက်ရိုးမီးတွေလား?? ကိုယ့်ကိုယ်ကို ပြန်မေးပါ သွေးရောအေးသွားကြပြီလား?? ကိုယ့်ကိုယ်ကိုပြန်မေးပါ " ဆိုပြီး သတိပေးစကားဆိုလာခဲ့ပါတ ယ်။ အဆုံးထိတိုက်ရမယ့်တိုက်ပွဲဖြစ်တာကြောင့် စိတ်ဓာတ်မကျဖို့နဲ့ သွေးမအေးဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးကာလဟာ သုံးလကျော်လာပြီဖြစ်ပြီး တစ်ချို့ပုံမှန်လှုပ်ရှားသွားလာသူတွေရှိလို့ ဒီလိုမေးခွန်းထုတ်ပုံရပါတယ်။ တော်လှန်ရေးကြီးလည်းအမြန်ဆုံးအောင်မြင်ပြီး မမမြလည်း ဘေးကင်းပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Mya Hnin Yee Lwin's FB Acc
Photo Credit - Mya Hnin Yee Lwin's FB Acc

သတင်း အရင်းအမြစ်Mya Hnin Yee Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T