ပုသိမ်တက္ကသိုလ်ပတ်ဝန်းကျင်မှာ Paper Strike ပြုလုပ်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများ

//s9.kh1.co/d4/d4d5dfcb700e07f66488942a3a379dd00ac6a3fb.png
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမှာကျောင်းတွေပြန်ဖွင့်နေပြီဖြစ်ပေမယ့် ကျောင်းတက်သူဦးရေဟာ အတော်လေးကိုနည်းပါးလွန်းပါ တယ်။ မိမိတို့ရဲ့ဆန္ဒအလျောက် ကျောင်းမတက်ဘဲ ဆန့်ကျင်ဆန္ဒပြကြသူတွေလည်း အများအပြားပါပဲ။ နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ ပြည်သူ့သူရဲ့ကောင်းတွေကို စာနာသောအားဖြင့် ကျောင်းမတက်ကြဖို့နဲ့ CDM လုပ်ကြဖို့ကို ပြည်သူတစ်ရပ်လုံးက တိုက်တွန်းနေခဲ့တာပါ။ ဒီနေ့မှာလည်း ပုသိမ်တက္ကသိုလ်က ကျောင်းသားကျောင်းသူများက တက္ကသိုလ်ကန်ပတ်လမ်း တက္ကသိုလ်အနီး Bus stop  မှာ အာဏာရှင်လက်အောက်ခံ ပညာရေးစနစ်ကိုဆန့်ကျင်တဲ့ Paper Strike ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo Credit - Pathein University News's FB Acc

နိုင်ငံနဲ့အဝှမ်းမှာအာဏာရှင်စနစ်ကျဆုံးရေးလှုပ်ရှားသူတွေများပြားလျက်ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေ နဲ့ ကျဆုံးသူတွေလည်း ပိုပြီးများလာခဲ့ပါပြီ။ ဘယ်လိုပဲ ဖိနှိပ်မှုတွေရှိနေပါစေ ပြည်သူတွေရဲ့ရင်ထဲက ဆန္ဒတွေကတော့ ပြောင်းလဲမသွားဘဲ တစ်ရက်တစ်ရက် ပိုပြီးခိုင်မာလာခဲ့တာတော့ အသေအချာပါပဲ။ တော်လှန်ရေးအစပိုင်းမှာ အစိုးရဝန်ထမ်းတွေက CDM လုပ်ပြီးဆန့်ကျင်ကြသလို လက်ရှိကျောင်းတွေ ဖွင့်တဲ့ အချိန်မှာလည်း ကျောင်းသားကျောင်းသူတွေရဲ့ ကျောင်းမတက်တဲ့ CDM ယန္တရားကလည်း အတော်လေးကိုအောင်မြင်နေဆဲပါပဲ။

Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc

အာဏာရှင်စနစ်ကျဆုံးစေဖို့ ရတဲ့နည်းနဲ့တော်လှန်နေကြတဲ့ ပြည်သူတွေဟာ ဘယ်တော့မှ သွေးအေးသွားမှာမဟုတ်ဘဲ အောင်မြင်မှုမရမချင်း ဆက်လက်တိုက်ပွဲဝင်နေဦးမှာပါ။ တစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းတွေမှာရှိတဲ့ကျောင်းသူကျောင်းသားအများစုရဲ့ သဘောထားအတိုင်းထပ်တူကျတဲ့ ပုသိမ်တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေကို စာရွက်ပေါ်မှာ ချရေးပြီး တက္ကသိုလ်အနီးပတ်ဝန်ကျင်မှာ ပြုလုပ်ခဲ့တဲ့ Paper Strike ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc
Photo Credit - Pathein University News's FB Acc

သတင်း အရင်းအမြစ်Pathein University News's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T