လှိုင်သာယာမြို့နယ်က အိမ်ထောင်စု (၁၅၀)စာအတွက် စားသောက်ကုန် ပစ္စည်းများ ကိုသွားရောက် လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/86/86fe5e1e70e6c51a63c072e49036321366608ca0.jpg
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင် ဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကို လုပ်ဆောင်ရင်း ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့ သူတွေဆီ နေ့တိုင်းလိုလို လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit- Wai Lu Kyaw Foundation's FB Page

ဝေဠုကျော် ဖောင်တေးရှင်းကို တည်ထောင်ထားပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ကာ ကိုယ်တိုင် အပင်ပန်းခံ ထုတ်ပိုးပြီး သွားရောက် လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင် အလှူရှင်တွေ ကိုယ်စား လှိုင်သာယာ အိမ်ထောင်စု (၁၅၀)ကို စားသောက်ကုန် ပစ္စည်းတွေကို လှူဒါန်းပေးခဲ့​တာ ဖြစ်ပါတယ်။အစစ် အဆေးတွေ ရှိတဲ့ကြားထဲကနေ ရင်တထိတ်ထိတ်နဲ့ လှူခဲ့ရကြောင်းကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Credit- Wai Lu Kyaw Foundation's FB Page
Photo Credit- Wai Lu Kyaw Foundation's FB Page
Photo Credit- Wai Lu Kyaw Foundation's FB Page
Photo Credit- Wai Lu Kyaw Foundation's FB Page
Photo Credit- Wai Lu Kyaw Foundation's FB Page
Photo Credit- Wai Lu Kyaw Foundation's FB Page
Photo Credit- Wai Lu Kyaw Foundation's FB Page
Photo Credit- Wai Lu Kyaw Foundation's FB Page

"ဒီတစ်ခေါက် စစ်ကားတွေကလည်း လမ်းထဲကိုပတ်နေတော့ သူနောက်က သွားပြီးအထင်နဲ့ ကိုယ်ကလှူ သူကလည်းပတ်လာပြီး ကိုယ့်နောက်ပြန်ရောက်ပေါ့။ဒီတခါတော့ ပထမအခေါက်တုန်းကလို အစစ်ဆေးမခံရတော့ပါဖူး။ကားပေါ်ကတော့ ကိုယ်တွေကို ကြည့်ပြီး ဘာတွေလုပ်နေတာလဲ မသိဖူးလို့ အချင်းချင်း ပြောနေသံတော့ ကြားပေမယ့် ဆင်းမမေးကြပါဖူး။ရင်ထိတ်ထိတ်နဲ့ပဲ လှူပြီးခဲ့ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းမှ လှိုင်သာယာမြို့နယ်၊ ဦးရေပေါ်လမ်း၊ နှင့် ဦးချိန်လမ်း၊ဦးမှိုလမ်း တို့မှ အရင်အခေါက်တွေက မလှူရသေးပဲ ကျန်ရှိသည့် မိသားစု ၁၅၀စုသို့ ဆန်၊ဆီ၊ငါးခြောက်၊ကြက် သွန်နီ၊ကုလားပဲ၊ငါးပြာရည်၊အချိုမှုန့် တို့ကို သွားရောက် ကူညီထောက်ပံ့ပေးခဲ့ပါတယ်"ဆိုပြီး ပုံရိပ်တွေနဲ့ အတူ ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။ပရိသတ်တွေလည်း သာဓုခေါ်နိုင်အောင် အလှူပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T