ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသားဟေ့ လို့ ကျယ်လောင်စွာဟစ်ကြွေးပြီး လမ်းမပေါ် ချီတက်လာကြတဲ့ Gen Zတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/a6/a68f5664f7e3f8d1ee5ab5dfa24e8b3236de4479.jpeg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသားဟေ့ လို့ ကျယ်လောင်စွာဟစ်ကြွေးပြီး လမ်းမပေါ် ချီတက်လာကြတဲ့ Gen Zတွေရဲ့ ဗီဒီယိုဖိုင်

လက်ရှိအခြေအနေဖြစ်ပေါ်ခဲ့တာ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ အခုမေလထဲကိုတောင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။မြန်မာပြည်သူလူထုကလည်း (၃)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ ဒီအခြေအနေကို ခွန်အားအပြည့်နဲ့ဆက်လက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။ဒီကာလအတွင်းမှာ အသက်ပေးသွားရတဲ့သူရဲကောင်းတွေ အယောက်(၇၀၀)ကျော်တဲ့အပြင် ဖမ်းဆီးခံရသူတွေလည်း မရေမတွက်နိုင်အောင်များပြားနေပြီဖြစ်လို့ ပြည်သူတွေက သူတို့တွေအတွက်ပါ အင်တိုက်အားတိုက်ကြိုးစားပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူထုလှုပ်ရှားမှုတွေကိုလည်း မြို့နယ်အသီးသီးမှာ နေ့တိုင်းတွေ့မြင်နေရပြီး လူငယ်တွေကတော့ ရှေ့ဆုံးကနေပါဝင်နေကြတာဖြစ်ပါတယ်။အန္တရာယ်တွေကြားထဲကနေတောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ပြည်သူတွေရဲ့ရဲစွမ်းသတ္တိက အရမ်းလေးစားစရာကောင်းလှပါတယ်။လက်ရှိအခြေအနေကြောင့် အခက်အခဲမျိုးစုံကိုကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေက ဘယ်လိုဒုက္ခအကြပ်အတည်းကိုမဆို ခံနိုင်ရည်ရှိလာပြီး အပြန်အလှန်ဖေးမကူညီရင်း ရှေ့သို့ဆက်လက်ချီတက်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့ မေလ(၁၁)ရက်နေ့ မနက်ပိုင်းမှာဆိုရင်လည်း လူငယ်တွေအများအပြားက လမ်းပေါ်ထွက်လာကြပြီး ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ “ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသားဟေ့”လို့ ကျယ်လောင်စွာကြွေးကြော်ပြီး ချီတက်လာခဲ့တာဖြစ်ပါတယ်။လူငယ်တွေရဲ့ဟစ်ကြွေးသံက မာန်ပါပြီး တစ်လမ်းလုံးဟိန်းနေတာပဲဖြစ်ပါတယ်။ပူပြင်းတဲ့နေရောင်ကိုအံတုပြီး အရမ်းတက်ကြွနေတဲ့ လူအုပ်ကြီးရဲ့ ဗီဒီယိုဖိုင်ကို ပြည်သူတွေတွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T