နို့မှုန့်အခက်အခဲဖြစ်နေတဲ့ ကလေးငယ်လေးအတွက် တတ်နိုင်သလောက် လှူဒါန်းကူညီခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/e1/e1d86d3335a4369d251fe0114c7027a5e0e71233.jpg
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေသလို လှူဒါန်းမှုတွေကိုလည်း အင်တိုက်အားတိုက် ပြုလုပ်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ်..။ ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ် လေးတွေအတွက် မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားတဲ့အပြင် အခက်အခဲတွေနဲ့ အဘက်ဘက်က လိုအပ်နေကြတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီနေတာပါ..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မင်းသမီးခိုင်နှင်းဝေကတော့ ဒီကနေ့မှာလည်း နို့မှုန့်အခက်အခဲဖြစ်နေတဲ့ ကလေးငယ်လေးအတွက်လည်း နို့မှုန့်တွေ ကူညီလှူဒါန်းနေတာလည်း တွေ့ရပါတယ်..။ လူကြီးသောက်တဲ့တစ်ရာတန် နို့မှုန့်သောက်နေရတဲ့ လှိုင်သာယာမှ ကလေးငယ်လေးအတွက် နို့မှုန့် (၁) ဖာ လှူဒါန်းခဲ့တဲ့ အကြောင်းတွေကိုလည်း ခိုင်နှင်းဝေက ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

" နို့မှုန့် အခက်အခဲကြောင့် လူကြီးသောက် တစ်ရာတန် တိုက်နေရကြောင်း အကူအညီတောင်းခံလာတဲ့ လှိုင်သာယာ မှ သားငယ်လေးအတွက် နို့မှုန့် (၁)ဖာ လှူဒါန်းပေးဖြစ်ခဲ့ပါတယ်.. နို့မှုန့် အဆင်မပြေရင် ကလေးအတွက် ရောဂါရသွားနိုင်သည်မို့ တတ်နိုင်တဲ့ဘက်က ကုသိုလ်ပြုဖြစ်ခဲ့ပါတယ်ရှင်..???..." ဆိုပြီး ရေးသားပြောပြထားတာပါ..။

ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဖေးမနေတဲ့ ခိုင်နှင်းဝေရဲ့ အလှူတွေကိုလည်း ပရိသတ်တွေက အားပေးသာဓုခေါ်ထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T