နှလုံးရောဂါ ရှိတဲ့ လူငယ်လေး အမြန်ဆုံး လွှတ်မြောက်နိုင်ဖို့ မိသားစုဝင်တွေ ဆက်သွယ်ပါလို့ တောင်းဆိုလိုက်တဲ့ ပြည်သူ တစ်ဦး

//s9.kh1.co/2a/2ae2e226c5c46e154a1ba539867c145535397d76.jpeg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နှလုံးရောဂါ ရှိတဲ့ လူငယ်လေး အမြန်ဆုံး လွှတ်မြောက်နိုင်ဖို့ မိသားစုဝင်တွေ ဆက်သွယ်ပါလို့ တောင်းဆိုလိုက်တဲ့ ပြည်သူ တစ်ဦး

ဒီနေ့အချိန်ထိဆိုရင် လူထုလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်အားဖြည့်ရင်း ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေလည်း မရေမတွက်နိုင်အောင် များပြားနေပြီဖြစ်ပါတယ်။တချို့ရှေ့နေတွေကလည်း ဖမ်းခံရတဲ့ပြည်သူတွေလွတ်မြောက်ဖို့အတွက် ဥပဒေဘောင်အတွင်းကနေ အစွမ်းကုန်ကြိုးစားပေးနေကြတာဖြစ်ပါတယ်။ဒါ့အပြင်ပြည်သူလူထုကလည်း speak outများများလုပ်ပေးကြပြီး လူအများအပြားသိအောင်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ မေလ(၇)ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို ပြည်သူတစ်ဦးကရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။လူငယ်လေးရဲ့နာမည်က မောင်ဇင်မင်းကိုကိုဖြစ်ပြီး (၇)ရက်နေ့က တာမွေသပိတ်စစ်ကြောင်းမှာပါဝင်လှုပ်ရှားနေရင်း အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။မောင်ဇင်မင်းကိုကိုနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ တချို့လူငယ်လေးတွေ ပြန်လွတ်သွားပေမယ့် သူကတော့အခုချိန်ထိမလွတ်သေးဘဲ တစ်ယောက်တည်းကျန်နေခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ဇင်မင်းကိုကိုက နှလုံးရောဂါလည်းရှိတာကြောင့် စေတနာရှင်ပြည်သူတချို့က သူလွတ်ဖို့အတွက်အစစအရာရာကူညီပြီး လုပ်စရာရှိတာတွေလုပ်ပေးနေတာဖြစ်ပါတယ်။အကုန်လုံးပြင်ဆင်ပြီးနေတာတောင် မောင်ဇင်မင်းကိုကိုရဲ့ မိသားစုဝင်တွေမပါလို့ ဘာမှဆက်လုပ်လို့မရတဲ့အခြေအနေပဲဖြစ်ပါတယ်။ဒါ့ကြောင့် မောင်ဇင်မင်းကိုကိုလွတ်မြောက်ဖို့အတွက် မိသားစုဝင်တွေ အမြန်ဆုံးဆက်သွယ်ပေးဖို့ ပြည်သူတချို့ကတောင်းဆိုနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။                            

ဆက်သွယ်ရန်ဖုန်းနံပါတ်(09781257436)         

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T