ပြိုင်ပွဲရက်နီးကပ်နေပေမယ့်လည်း National Costumeရောက်ရှိလာခြင်းမရှိသေးတဲ့ သူဇာ၀င့်လွင်အတွက် တတ်နိုင်သရွေ့ကူညီပေးနေရှာတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/50/508053430cdfb314e9640ebc6337d6a14aeb3def.jpg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

(၆၉)ကြိမ်မြောက် Miss Universeပြိုင်ပွဲကြီးကို Miamiမှာကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲရက်နီးကပ်လာနေပေမယ့်လည်း သူဇာ၀င့်လွင်ရဲ့ National Costumeဟာ New Yorkကနေ Miamiကို အခုမချိန်ထိရောက်ရှိလာခြင်းမရှိသေးတာကြောင့် သူဇာ၀င့်လွင်တစ်ယောက် အခက်အခဲတွေများစွာနဲ့တွေ့ကြုံ‌နေရတာဖြစ်ပါတယ်။ သူဇာ၀င့်လွင်ရဲ့ Luggageရောက်မလာသေးတာနဲ့ပက်သက်ပြီး ဥက္ကာမင်းမောင်တစ်ယောက်လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာဖြစ်ပါတယ်.....။

Photo credit-​ Thuzar Wint Lwin's Facebook page
Photo credit-​ Thuzar Wint Lwin's Facebook page
Photo credit-​ Ye Htoo Win's Facebook acc
Photo credit-​ Ye Htoo Win's Facebook acc

ဥက္ကာမင်းမောင်ဟာ မကြာသေးမီက သူ့ရဲ့ Facebookစာမျက်နှာမှာ "National costume ကိစ္စ DHL ကို မ​နေ့က ဖုန်းဆက်​တော့New York က​နေ Miami ကို မနေ့ညက ပို့မယ်ဆိုပြီး ဒီ​နေ့ထပ်ဆက်​တော့ မပို့ရ​သေးပါဘူးတဲ့.. ကိုယ်ကတော့ သူ့အစား​အလုံးကြီး တဝက်ကျသွားလို့ Post ​တောင်တင်လိုက်​သေးတာ.. အခု ဒုံရင်းက ဒုံရင်းပါပဲ.. cargo ထဲမှာပဲရှိ​သေးတယ်တဲ့..Ohio ကိုဝင်ပြီး မှ Miami ကို​ရောက်မှာတဲ့..New York က Final Destination မဟုတ်​တော့ ​ကိုယ်တိုင် သယ်သွား​ပေးချင်​သော်လည်း ပေးမထုတ်ပါဘူးတဲ့..မနက်ဖြန် ​ရောက်ပါ​စေ ဆု​တောင်းပါတယ်.. Miami ​ရောက်ရင်​တော့ လာထုတ်ယူမယ့်သူရှိပြီးသားပါတဲ့..National Costume ပွဲက သဘက်ခါပါ.. ရင်တမမနဲ့ ကိုယ်လဲ သူ့အစားစိတ်ပူရတယ်.. မစိုးယု​ဝေလဲ စိတ်​တွေပူ.. အခု တကယ်လို့များ NC အချိန်မှီမရခဲ့သည်ရှိ​သော်စင်​ပေါ်မတက်လိုက်ရမှာစိုးလို့ ဝတ်လို့ ရ​အောင် Plan B အ​နေနဲ့ New York က Ko Cho ကူညီမှူနဲ့ မြန်မာဝတ်စုံ ၂ စုံ​တော့ ညီ​လေးဘိုဘို အိမ်ကို လာပို့လို့ မနက်ဖြန် Miami သွားရင် ကျွန်​တော် သယ်သွား​ပေးပါမယ်.. ဟို​ရောက်ရင် သူ့ဆီအရင်သွားပို့လိုက်မယ်.. ဆံထုံး​တွေဘာ​တွေ သူထုံးတတ်မလား​တော့မသိ.......။

Photo credit-​ Thuzar Wint Lwin's Facebook page
Photo credit-​ Thuzar Wint Lwin's Facebook page
Photo credit-​ Ye Htoo Win's Facebook acc
Photo credit-​ Ye Htoo Win's Facebook acc

"မစိုးယု​ဝေနဲ့လဲ စကား​ပြောရတာ သူလဲ စိတ်ဖိစီးပြီး ​ကောင်း​ကောင်းအိပ်မရတာ ၃ရက်​လောက်ရှိပြီတဲ့.. ဒီက မြန်မာ​တွေအားလုံးလဲ တတ်နိုင်သ​လောက်ကူညီ​ပေး​နေပါတယ်.. Candy Thuzar ​ရေကြိုးစား​နော်.. သူ့အစား တကယ်ရင်​မောရတယ်.. မြန်မာပြည်က​နေ မရရ​အောင် ထွက်လာပြီး အရင်က ပြိုင်တဲ့လူ​တွေလိုလဲ ​အထုတ်​တွေအကုန် တူတူ ​ပေါ်တင်မသယ်လာခဲ့ရ..ပွဲတ​လျှောက်လဲ စိတ်က​တော့ ​တော်​တော် ဖိစီးမှာ..​နောက်ပြီး ​​ပျောက်​နေတဲ့ Luggage က လိုက်စုံစမ်း​တော့ Miami မှာလို့​ပြောပါတယ်.. ကျွန်​တော် မနက်ဖြန် မနက် ၉ခွဲဆို Miami ​ရောက်ပါပြီ..Miami က ​လေဆိပ် ၂ခုရှိတာ.. Fort Lauderdale airport မှာလား Miami airport မှာလား​တော့မသိ.. စုံစမ်းရဦးမယ်.. ကျွန်​တော်က Miami airport ကိုဆင်းမှာ.. Fort Lauderdale airport ဆိုရင်​တော့ Miami airport နဲ့ နာရီဝက်​လောက်​ဝေးတယ်.. ​အ​ခြေအ​နေစောင့်ကြည့်တာ​ပေါ့​လေ.. luggage လဲ ပြန်ရပါ​​စေ.. ရင်​မောလိုက်တာ?....." ဆိုပြီးရေးသားဖော်ပြပေးထားတာဖြစ်ပါတယ်။ အခက်အခဲတွေကြားထဲကနေ သွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာ၀င့်လွင်တစ်ယောက် အစစအရာရာအဆင်ပြေပြီး ဆုတွေအများကြီးဆွတ်ခူးနိုင်ပါစေလို့ Myanmarload mediaအနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်နော်......။

Photo credit-​ Ye Htoo Win's Facebook acc
Photo credit-​ Ye Htoo Win's Facebook acc
Photo credit-​ Ye Htoo Win's Facebook acc
Photo credit-​ Ye Htoo Win's Facebook acc

သတင်း အရင်းအမြစ်Ye Htoo Win's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T