သပိတ်ဖြိုခွင်းခံရချိန်မှာ သူမရဲ့သားလေး ပိတ်မိနေတယ်ကြားလို့ ကယ်ထုတ်ဖို့အတွက် ဘာကိုမှမကြောက်ဘဲမိုးရေထဲထွက်လာခဲ့တဲ့ မိခင်တစ်ဦး

//s9.kh1.co/65/6551cf3d5c598f9f575904825e20ed94a1b57d14.jpeg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သပိတ်ဖြိုခွင်းခံရချိန်မှာ သူမရဲ့သားလေး ပိတ်မိနေတယ်ကြားလို့ ကယ်ထုတ်ဖို့အတွက် ဘာကိုမှမကြောက်ဘဲမိုးရေထဲထွက်လာခဲ့တဲ့ မိခင်တစ်ဦး

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတိုင်းနီးပါးက အန္တရာယ်တွေကြားထဲကနေတောင် မိမိတို့ရဲ့ရင်တွင်းဆန္ဒတွေကို နေ့စဉ်ရက်ဆက်ထုတ်ဖော်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေပါဝင်ကြတဲ့ လူငယ်လေးတွေကတော့ ပြည်သူလူထုရဲ့အနာဂတ်လှပဖို့အတွက် အနစ်နာခံပြီးဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့အဖိုးတန်သားသမီးလေးတွေရဲ့ဆန္ဒကို အတတ်နိုင်ဆုံးလိုက်လျောပေးပြီး အင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။  

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း မိဘတစ်ဦးက လူထုလှုပ်ရှားမှုမှာပါဝင်ချင်တဲ့သားလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်သပိတ်စစ်ကြောင်းနောက်ကို ကြည်ကြည်ဖြူဖြူနဲ့လွှတ်လိုက်တာဖြစ်ပါတယ်။သပိတ်ဖြိုခွင်းခံရတဲ့အချိန်မှာ သူမရဲ့သားလေး အန္တရာယ်တွေကြားပိတ်မိနေတယ်လို့ သတင်းကြားတာကြောင့် ဆိုင်ကယ်လေးနဲ့လိုက်ရှာနေတာဖြစ်ပါတယ်။သူမရဲ့သားလေးက ဖုန်းဆက်ပြီး မလာပါနဲ့လို့ တားနေတဲ့ကြားကနေ မိခင်မေတ္တာကြီးမားလွန်းလို့ ဘာကိုမှမကြောက်ဘဲ မိုးရေထဲထွက်လာခဲ့တာဖြစ်ပါတယ်။         

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာတော့ အသက်တွေကိုလည်းရင်းထားရပြီး တချို့အိမ်တွေလည်းမိသားစုဝင်တွေ စုံစုံလင်လင်မရှိတော့တာဖြစ်ပါတယ်။မိဘတွေခမျာ ပိုးမွေးသလိုမွေးပြီး ပြုစုစောင့်ရှောက်လာရတဲ့ သားသမီးလေးတွေ ဒုက္ခခံနေကြတာမြင်တော့ နောက်ကွယ်ကနေ တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း မိမိရဲ့သားလေးအန္တရာယ်ကင်းဖို့အတွက် ကိုယ်တိုင်လိုက်ကယ်ထုတ်ပေးနေတဲ့ မိခင်တစ်ဦးရဲ့မေတ္တာကို လေးစားကြည်ညိုရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T