နောက်ဆုံးအချိန်အထိ ကိုယ့်မြို့အပေါ် တာဝန်ကျေပွန်ခဲ့ပြီး ဇနီးနဲ့ကလေးကိုထားခဲ့ကာ အသက်ပေးသွားခဲ့ရတဲ့ မြင်းမူကသူရဲကောင်းတစ်ဦး

//s9.kh1.co/66/669a7a83fdbdba0f098903b275740c06804f0396.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

နောက်ဆုံးအချိန်အထိ ကိုယ့်မြို့အပေါ် တာဝန်ကျေပွန်ခဲ့ပြီး ဇနီးနဲ့ကလေးကိုထားခဲ့ကာ အသက်ပေးသွားခဲ့ရတဲ့ မြင်းမူကသူရဲကောင်းတစ်ဦး

အခုဆိုရင် လူထုဆန္ဒထုတ်ဖော်ပွဲတွေကိုမြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ နေ့စဥ်နေ့တိုင်း မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း လူစုခွဲဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေ အဆက်မပြတ် အသက်ဆုံးရှုံးနေရတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ မေလ (၉) ရက်နေ့ကဆိုရင်လည်း မြင်းမူမြို့မှာ ပြည်သူတစ်ဦးကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ သူကတော့ မြင်းမူမြို့မှာ ပထမဆုံး အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူ့ရဲ့နာမည်က ကိုအောင်ရဲလွင်ဖြစ်ပြီး အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကိုအောင်ရဲလွင်က မန္တလေး- မြင်းမူခရီးသည်တင်ယာဥ်မောင်းဖြစ်ပြီး သူ့မှာ (၃)နှစ်သားအရွယ် ကလေးတစ်ယောက်နဲ့ ဇနီးဖြစ်သူ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မြင်းမူမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်နေရင်းနဲ့ ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတဲ့ ကိုအောင်ရဲလွင်အတွက် ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုအောင်ရဲလွင်ကို ကျည်ထိမှန်တဲ့အချိန်မှာတော့ သွေးစွန်းနေတဲ့ သူ့ရဲ့ဖိနပ်လေးတွေက လမ်းပေါ်မှာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း ကိုအောင်ရဲလွင်ကျဆုံးတဲ့နေရာမှာ ပန်းလေးတွေသွားချပေးခဲ့ပြီး ဂုဏ်ပြုခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ကိုအောင်ရဲလွင်က အစ္စလာမ်ဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်တာကြောင့် ပြည်သူတွေကလည်း သူတို့ဘာသာအရ ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T