ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားကာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို လက်ရှိအခြေအနေတွေမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေသူကတော့ သရုပ်ဆောင်မင်းသားချော ဘုန်းဆက်သွင်ပဲ ဖြစ်ပါတယ်..။
ဘုန်းဆက်သွင်ကတော့ ပြီးခဲ့တဲ့ လတွေကတည်းက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုပြုလုပ်ပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်သလောက် အင်တိုက်အားတိုက်ပါဝင်နေတာလည်း တွေ့ရပါတယ်..။
၅၀၅ က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘုန်းဆက်သွင်ကတော့ နွေဦးတော်လှန်ရေး ရက် ၁၀၀ ပြည့် တိုက်ပွဲမှာလည်း ပြည်သူတွေနဲ့အတူ ပါဝင်ဆင်နွှဲရင်း သွေးမအေးသွားကြောင်း ပြသခဲ့ပါတယ်..။
မေလ၁၁ ရက်နေ့မှာ ရက်၁၀၀ ပြည့်သွားခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အခက်အခဲတွေကြားက ကိုယ်တိုင်လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အမှတ်တရပုံရိပ်တွေကိုလည်း ဘုန်းဆက်သွင်က ဝေမျှထားပါသေးတယ်..။
"နွေဦးတော်လှန်ရေး
ရက် ၁၀၀ ပြည့်တိုက်ပွဲ
ဘယ်တော့သွေးမအေးဘူး
အရေးတော်ပုံ အောင်ရမည်
???.." ဆိုပြီး လမ်းပေါ်ထွက်လှုပ်ရှားမှု ပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။
အခက်အခဲတွေကြားကနေ ယနေ့အချိန်ထိ အားမလျှော့ သွေးမအေးသွားဘဲ လမ်းပေါ်ထွက်နေတဲ့ ဘုန်းဆက်သွင်ကို ပရိသတ်တွေကလည်း အားပေးဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ PhoneSett Thwin's Fb Acc