ကျည်မှန်ပြီး ကျဆုံးခဲ့တဲ့အပြင် ရုပ်အလောင်းကိုပါ လမ်းဘေးမှာပစ်ထားခံခဲ့ရတဲ့ ဟိုပင်မြို့က တိရိစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးရဲ့အဖြစ်

//s9.kh1.co/56/562988470cec8334d8695d9c9a976c6e772afd12.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျည်မှန်ပြီး ကျဆုံးခဲ့တဲ့အပြင် ရုပ်အလောင်းကိုပါ လမ်းဘေးမှာပစ်ထားခံခဲ့ရတဲ့ ဟိုပင်မြို့က တိရိစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးရဲ့အဖြစ်

နယ်မြို့လေးတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စစ်ဘေးဒဏ်ကို ပိုမိုခံစားနေရသလို တစ်ချို့မှာလည်း လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ပဲ အသက်တွေပေးဆပ်ခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ တကွင်းရွာက တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးရဲ့အဖြစ်က တကယ့်ကို ဝမ်းနည်းကြေကွဲစရာကောင်းနေတာ ဖြစ်ပါတယ် ။ သူကတော့ အသက် (၄၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုစိုင်းကွမ်းဆိုင်ဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီးနောက်ပိုင်းမှာ ကျဆုံးခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုစိုင်းကွမ်းဆိုင်ရဲ့ရုပ်အလောင်းကိုတော့ ဒေသခံပြည်သူတွေက လမ်းဘေးတစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ နှာခေါင်းကနေ ကျည်ဖောက်ထွက်သွားတဲ့ ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ကိုစိုင်းကွမ်းဆိုင်က တစ်ကိုယ်လုံးမှာလည်း ထိခိုက်ဒဏ်ရာတွေ အများအပြား ရရှိထားတာတွေ့ရကြောင်း ဒေသခံတွေက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။ ဒေါက်တာစိုင်းကွမ်းဆိုင်ရဲ့အကြောင်းကိုကြားပြီး ပြည်သူတွေလည်း ယူကျုံးမရ ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့်လည်း ပြည်သူတွေက ဒေါက်တာ စိုင်းကွမ်းဆိုင်ရဲ့အဖြစ်ကို နိုင်ငံတကာမီဒီယာတွေပါ သိရှိရအောင် Speak Out များများလုပ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ ဒေါက်တာစိုင်းကွမ်းဆိုင်မှာတော့ (၇) တန်းအရွယ် သားတစ်ဦးကျန်ရစ်ခဲ့တယ်လို့လည်း ဒေသခံပြည်သူတွေရဲ့ရေးသားပြောပြချက်တွေအရ သိရှိရပါတယ်။ ပြည်သူတစ်ဦးကလည်း ကိုစိုင်းကွမ်းဆိုင်လိုအဖြစ်မျိုး နောက်ထပ်ဘယ်သူမှ မကြုံတွေ့ပါရစေနဲ့တော့ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T