လက်ရှိမှာဆိုရင် မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စီးပွားရေး ကြပ်တည်းနေကြတာ ဖြစ်ပြီး လူတိုင်းနီးပါး ခက်ခဲနေတာ ပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အချင်းချင်း ကူညီစောင့်ရှောက်ပေးသလို အလှူရှင်တွေကလည်း နိုင်သလောက် ပါဝင်လှူတန်းနေကြတာ ဖြစ်ပါတယ်။တချို့ပြည်နယ်တွေမှာဆိုရင် စစ်ဘေးရှောင်ပြည်သူတွေကလည်း တောထဲပြေးပုန်းနေရတာကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်နေတာ ပဲဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း တေးသံရှင် အဆိုတော် မီးနိုက အမှန်တကယ်လိုအပ်နေတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေ အတွက် အလှူငွေကို ကောက်ခံထားတာ ၁၅သိန်းရရှိထားခဲ့တာ ဖြစ်ပြီး ဒီနေ့မှာဆိုရင်လည်း နောက်လမိုးတွင်းရောက်တော့မှာမို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်တွေကို ချိတ်ဆက်ပြီး လှူပေးဖို့ကို အလှူရှင်တွေထပ်မံပြီး ပါဝင်အားဖြည့်နိုင်ရန် အကူညီတောင်းထားတာ ပဲဖြစ်ပါတယ်။
သူမရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင် "မီးနိုထပ်ပြီး ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ထပ်အလှူခံရပါစေရှင့်..အရင်တစ်ခေါက်က အလှူခံထားတာ ၁၅သိန်းရခဲ့ပါတယ်..နောက်လဆို မိုးတွင်းလည်းရောက်တော့မှာဆိုတော့ တွေးကြည့်တာနဲ့တင်တောထဲမှာပြေးနေရတဲ့ ပြည်သူတွေတော်တော် ဒုက္ခရောက်ကြမှာပါ..စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်တွေ ချိတ်ဆက်ပြီး လှူပေးဖို့တွေ မီးနိုစီစဉ်နေပါတယ်..အလှူရှင်တွေလည်း ဒီတစ်ခါထပ်ပြီး ပါဝင်အားဖြည့်ပေးဖို့ အကူအညီတောင်းပါတယ်နော်..ပါဝင် လှူဒါန်းလိုသူများအနေနဲ့ K Pay-နံပါတ် 095090994 (Poe Eain Phyu) နဲ့ Aya bank- 0114201010016977(Ko Zaw Thu Aung)တို့ကို ပေးပို့လှူဒါန်းလို့ရပါတယ်ရှင်...ငွေလွှဲထားတဲ့ Screenshot လေးတွေလည်း မီးနိုရဲ့ Messenger ကို ပို့ပေးထားဖို့ မမေ့ပါနဲ့နော်..အရေးတော်ပုံအောင်ရမည်..?✊"ဆိုပြီး တတ်နိုင်သလောက် ကူညီပေးနိုင်ကြဖို့အတွက် တိုက်တွန်း နှိုးဆော်လာတာ ဖြစ်ပါတယ်။ပြည်သူတွေကလည်း ပါဝင်လှူဒါန်းနေကြတာကို တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Mee No Fb page