အားတင်းထားကြဖို့အတွက် သံပြိုင်ကြွေးကြော်ကာ ထွက်ပေါ်လာကြတဲ့ရန်ကုန်မြို့ရှိဆန္ဒပြလူထုတွေရဲ့ အားတက်ဖွယ်ဗီဒီယိုလေး

//s9.kh1.co/56/56eafb968f0b30011ee2299dbbf77c6877e32fa5.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ မေလ (၁၂)ရက်နေ့မှာဆိုရင်လည်း ဒီမိုကရေစီလိုလားနေကြတဲ့ ပြည်သူတွေဟာ ဖိနှိပ်ဖြိုခွင်းမှုတွေကြားထဲကနေ ဆန္ဒထုတ်ဖော်မှုတွေကို ဒေသအသီးသီးမှာပြုလုပ်နေကြတာဖြစ်ပြီး ဖြိုခွင်းမှုတွေနဲ့ ဆက်တိုက်တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း မြင်းခြံ၊ မန္တလေး၊ မင်းတပ်တို့မှာ ရဲရင့်တက်ကြွစွာနဲ့လူငယ်လေးတွေဦးဆောင်ပြီး တော်လှန်နေကြတာဖြစ်ပါတယ်......။ 

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဖြိုခွင်းမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေလည်းရှိလာနေတာဖြစ်ပေမယ့် ပြည်သူတွေဟာ အလျှော့မပေးပဲ ဆက်လက်တော်လှန်နေကြတာဖြစ်ပါတယ်။ ရက်ပေါင်း ၁၀၀ကျော်သွားခဲ့ပြီဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေဟာဆိုရင် ယနေ့ထိတိုင် နေရာအနှံ့အပြားမှာ ဆက်လက်ပြုလုပ်နေကြတာဖြစ်ပြီး ရန်ကုန်မှာလည်း ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်နေကြတာပါ....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ယနေ့ မေလ (၁၂)ရက်နေ့မှာဆိုရင်လည်း ရန်ကုန်ရှိ လူငယ်တွေဟာ "အားတင်းထားပါ မြင်းခြံရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်။ အားတင်းထားပါ မင်းတပ်ရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်။ အားတင်းထားပါ မန္တလေးရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်....." ဆိုပြီးသံပြိုင်ကြွေးကြော်ကြကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T