အမှန်တကယ် စားဝတ်နေရေးခက်ခဲနေသူများအား လှူဒါန်းဖို့အတွက် ကိုယ်တိုင်သွားပြီး စာရင်းကောက်ခံခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/1b/1b82a3cde150ad594a63db82bb8bd973f85e9fba.jpeg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတဲ့ သရုပ်ဆောင်  ခိုင်နှင်းဝေကတော့ အနုပညာလှုပ်ရှားမှုများသာမကဘဲ ပရဟိတလုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။  ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကို တည်ထောင်ထားပြီး  စွန့်ပစ်ခံရတဲ့ လူမမယ်ကလေးများကို မိခင်မေတ္တာအပြည့်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးနေသူ  ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက်ကူညီဖြေရှင်းပေးနေတဲ့  ခိုင်နှင်းဝေရဲ့ စိတ်ထားကို အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 

လတ်တလောမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့်  စားဝတ်နေရေးအဆင်မပြေဖြစ် နေကြတဲ့  ပြည်သူတွေများစွာ ရှိနေကြတာပါ။  ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူများအား ပြည်သူအချင်းချင်းကပဲ  လိုအပ်တဲ့ အရာများကို ရိုင်းပင်း ကူညီနေကြတာ ဖြစ်ပါတယ်။  တကယ်ကို ခက်ခဲနေကြတဲ့ ပြည်သူတွေထံ ခိုင်နှင်းဝေကိုယ်တိုင်  စားနပ်ရိက္ခာများ  သွားရောက်လှူဒါန်းပေးနေတာကိုလည်း မြင်တွေ့ကြရမှာပါ။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

နေ့စဉ်ရက်ဆက်  ပရဟိတလုပ်ငန်းတွေကို  မမောနိုင်  မပန်းနိုင် ဆောင်ရွက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  သက်ကြီးရွယ်အိုများနဲ့ အိမ်ခြေ (၁၅၀) စာအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများကို ထောက်ပံ့လှူဒါန်းဖို့ ပြင်ဆင်နေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။" (၁၆)ရက်နေ့ အလှု အတွက် သက်ကြီးရွယ်အိုများ နှင့် အိမ်ခြေ (၁၅၀) စာ လှူဒါန်းပေးရန် စာရင်းသွားကောက်ခဲ့ပါတယ်...မိုးရွာထဲမှာ ပျော်နေတဲ့ ကလေးတွေရော..အလုပ်လုပ်နေတဲ့ သူတွေရော ဘဝ အစုံ တွေ့ခဲ့ရပါတယ်..အလှူလာမယ့်အကြောင်း ပြောတော့ ပျော်သွားကြပြီး ဆုတွေ တောင်းပေးတဲ့ အတွက် ပီတိတွေ ဖြစ်ရပါတယ်..အမှန်တကယ် ခက်ခဲနေကြတာ တွေ့မြင်ရတဲ့ အတွက် စိတ်မကောင်းလည်း ဖြစ်ခဲ့ရပါတယ်ရှင်..???" ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် ကူညီရန်အမြဲအသင့်ဖြစ်နေတဲ့ ခိုင်နှင်းဝေတစ်ယောက်ကံကောင်းခြင်းတွေ ရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T