ပထမဆုံးအလုပ်မှာ သူရရှိခဲ့တဲ့လစာအကြောင်းကို ပရိသတ်တွေအား ပြန်လည်ရေးသားဝေမျှလာခဲ့တဲ့ ဇွဲနိုင်ဝင်း

//s9.kh1.co/fd/fd2763c8a7af42e203b459503a277944ea73ca14.jpeg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေပါဝင်ရိုက်ကူးရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကိုရရှိထားသူကတော့ သရုပ်ဆောင်  ဇွဲနိုင်ဝင်းပဲ  ဖြစ်ပါတယ်။ သူကတော့ ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာလောကတွင် နေရာတစ်နေရာ သိမ်းပိုက်ရရှိထားတာ  ဖြစ်ပါတယ်။  သရုပ်ဆောင်ဘက်တွင်သာမကဘဲ  အဆိုပိုင်းကိုပါ ဝါသနာပါသူဖြစ်ပြီး single song လေးတွေဆိုကာ ပရိသတ်တွေကို ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 

သူကတော့  လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေတွေမှာလည်း  ပြည်သူတွေနဲ့အတူ  မှန်ကန်တဲ့ဘက်ကနေ  တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။  ဒ့ါအပြင် ဒီကာလအတွင်း ခက်ခဲနေသူများကိုလည်း တတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေတာ  ဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်လည်း  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  လှုပ်ရှားမှုလေးတွေကို အမြဲလိုလိုဝေမျှပေးနေတာ  ဖြစ်ပါတယ်။

Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ဇွဲနိုင်ဝင်းရဲ့ Facebook အကောင့်တွင် ပထမဆုံးအလုပ်မှာ သူရရှိခဲ့တဲ့လစာအကြောင်းကို ပရိသတ်တွေအား ပြန်လည်ရေးသားဝေမျှလာခဲ့တာ ဖြစ်ပါတယ်။ " 1994 ခုနှစ် ဗိုလ်ချုပ်ဈေးWest Village ဆိုင်မှာ အရောင်း စားရေးလုပ်တယ် တစ်လ(5000)ကျပ်နဲ့  1995 ခုနှစ်မှာ ဘားလမ်းထဲက Metal Zone တေးသံသွင်းဆိုင်မှာ ကက်ဆက်ခွေ Cover Card တွေမှာ လက်ရေးအလှရေးတယ် အခွေရောင်း စားရေး လုပ်တယ် တစ်လ (5000)ကျပ်နဲ့ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီပို့စ်အောက်တွင်လည်း  ပထမဆုံးရရှိခဲ့ကြတဲ့ လစာတွေကို ပရိသတ်များမှ comment ရေးသားထားကြတာကို မြင်တွေ့ကြရမှာပါ။ အားလုံးလည်း ကိုယ်ပထမဆုံး လုပ်တဲ့အလုပ်ကနေ ရရှိဖူးတဲ့ လစာအကြောင်းကို ပြောပြပေးသွားကြပါဦးနော်။

Source and Photo Crd-Zwe Naing Win’s Facebook Account 

Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T