ပြည်သူလူထုကြီးကတော့ နေ့စဉ်မပြတ် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပြီး နည်းလမ်းမျိုးစုံ အသုံးပြုကာ လက်ရှိအခြေအနေကို ရင်ဆိုင် ဖြတ်ကျော် နေကြတာ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် မျိုးဆက်သစ်လူငယ်တွေက ရှေ့ဆုံးကနေ ဦးဆောင်ကာ တက်တက်ကြွကြနဲ့ ပါဝင်ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတွေရဲ့ စုစည်း ညီညွှတ်မှုက အံ့မခန်းပါ......။
ပြည်သူတွေ အားလုံးက အခက်အခဲတွေ ဘယ်လိုပဲ ရှိနေပါစေ ရှေ့ဆက်ကာ အန္တရယ်တွေကြားထဲကနေ ရဲစွမ်းသတ္တိအပြည့်နဲ့ ပြောက် ကျားသပိတ်တွေကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ပြည်သူတစ်ချို့ကလည်း လိုအပ်သမျှကို ကူညီလှူဒါန်းနေတာကြောင့် ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေအတွက် အားဖြစ်စေမှာ အမှန်ပါပဲ....။ဒီနေ့မှာဆိုရင်တော့ ထားဝယ်မြို့နယ်က ပြည်သူများ စုပေါင်းကာ မိမိတို့မှာရှိတဲ့ ခွန်အားတွေကို အသုံးပြုပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။
ယနေ့ ထားဝယ်မြို့နယ်က သပိတ်စစ်ကြောင်းတွင် "အင် ဂျင်နီယာများစစ်ကြောင်း၊ပညာရေးစစ်ကြောင်း၊LGBT များ၊ တက္ကသိုလ်ကျောင်း သား၊ကျောင်းသူများ နှင့်ပြည်သူများက ပူး ပေါင်းတော်လှန်ခဲ့ကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် မျှဝေပေးလိုက်ပါတယ်။ပြည်သူလူထုက စိတ်ဓာတ်ခွန်အား အပြည့်နဲ့ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတဲ့ ထားဝယ်မြို့က သူရဲကောင်းတွေရဲ့ ပုံရိပ်တွေ ပဲဖြစ်ပါတယ်။