သေနတ်ပစ်ဖောက်သံတွေကြောင့် သွေးလန့်ပြီး အသက်ဆုံးရှုံးသွားရတဲ့ သွေးနုသားနုမိခင်တစ်ဦး

//s9.kh1.co/e3/e35dcaa6d44f1355395d52174c6ec34320d8c5ff.jpeg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သေနတ်ပစ်ဖောက်သံတွေကြောင့် သွေးလန့်ပြီး အသက်ဆုံးရှုံးသွားရတဲ့ သွေးနုသားနုမိခင်တစ်ဦး

လက်ရှိအချိန်ထိ အခြေအနေတွေမတည်ငြိမ်သေးတာကြောင့် ပြည်သူတွေအနေနဲ့ အဆုံးစွန်ထိ ဆက်လက်ချီတက်နေကြတာဖြစ်ပါတယ်။မြို့နယ်အသီးသီးက နေရာအနှံ့မှာဆိုရင်လည်း ဗုံးတွေပေါက်ကွဲနေတဲ့အပြင် သေနတ်ပစ်ဖောက်သံတွေကြောင့် သက်ကြီးရွယ်အို၊ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေခမျာ နေ့ညမရွေး ထိတ်လန့်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါ့ကြောင့်ပြည်သူလူထုက အချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြပြီးအရေးအကြောင်းဆို ကူညီပေးဖို့အဆင်သင့်ရှိနေကြတာ ဖြစ်ပါတယ်။      

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(၁၀.၅.၂၀၂၁)ရက်နေ့ ညပိုင်းကဆိုရင်လည်း ကလေးမြို့မှာ ကျယ်လောင်စွာထွက်ပေါ်လာတဲ့သေနတ်ပစ်ဖောက်သံတွေ ကြောင့် မီးဖွားထားတာမကြာသေးတဲ့ မိခင်တစ်ဦး သွေးလန့်ပြီး သေဆုံးသွားရှာတာဖြစ်ပါတယ်။သေနတ်ပစ်ဖောက်သံ(၃)ကြိမ်ကြားရတာဖြစ်ပြီး နောက်ဆုံးအကြိမ်မှာတော့ အသက်ပါဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ဆုံးသွားတဲ့မိခင်ကတော့ နဂိုကတည်းက နှလုံးရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး ဆေးသောက်လို့သက်သာလာတယ်လို့ သိရပါတယ်။မိခင်ဆုံးပါးသွားလို့ လသားအရွယ်ကလေးငယ်လေးခမျာ အမေခေါ်စရာမရှိတော့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မေလ(၁၁)ရက်နေ့၊နေ့လည်(၂)နာရီမှာ သေဆုံးသူမဇာခြည်ဦးရဲ့ ရုပ်ကလာပ်ကို ပြင်သာသုသာန်ကို ပို့ဆောင်သင်္ဂြိုလ်ခဲ့ပြီဖြစ်ပါတယ်။ကျန်ရစ်သူခင်ပွန်းနဲ့ကလေးငယ်လေးကတော့ လက်ရှိမှာ မိသားစုဝင်တစ်ဦးကိုဆုံးရှုံးလိုက်ရလို့ ပူဆွေးသောကရောက်နေတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကလေးမြို့ကပြည်သူတွေက ကျန်ရစ်သူသားအဖနှစ်ယောက်အတွက် ငွေအား၊လူအားနဲ့ ဝန်းရံပေးကြပါဦးလို့ တောင်းဆိုရင် စိတ်မကောင်းစရာဒီအဖြစ်အပျက်လေးကို ပြည်သူတွေသိအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T