အောင်မြင်ကျော်ကြားမှုနဲ့ ဆံနွယ်ရှည်တွေကိုစွန့်လွှတ်ပြီး အေးချမ်းတဲ့သာသနာ့ဘောင်ကို ရာသက်ပန်ဝင်ရောက်သွားပြီဖြစ်တဲ့ မေသက်ထားဆွေ

//s9.kh1.co/ae/aeef95f7592d76c72d85eb61e0c2a803d455cd2b.png
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

တရားရှာကိုယ်မှာတွေ့ဆိုတဲ့စကားအတိုင်းပဲ တရားဓမ္မနဲ့ရင်းနှီးပြီး အေးချမ်းမှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားတဲ့ အဆိုတော်မေသက်ထားဆွေဟာ အသက်ငယ်ငယ်လေးမှာပဲ သာသနာ့ဘောင်ကို ရာသက်ပန်ဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်တစ်ယောက်ဖြစ်သလို ရှည်လျားတဲ့ဆံနွယ်တွေဟာလည်း သူမကိုပိုပြီး ကျက်သရေရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သီချင်းဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမတူတဲ့အရည်အချင်းတွေကြောင့် အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့တဲ့ ကလေးလေးဟာ တော်ရုံလူကြီးတွေတောင်မလုပ်နိုင်တဲ့ အမွန်မြတ်ဆုံးလုပ်ရပ်ကို ပြတ်သားနဲ့ဆုံးဖြတ်ချက်တွေနဲ့လုပ်ခဲ့တာပါ။

Photo Credit - Nway Nway Chit Phwal's FB Acc
Photo Credit - Nway Nway Chit Phwal's FB Acc

အသက်ကလည်းငယ်သလို အောင်မြင်မှုတွေလည်းရနေတဲ့အပြင် လှပတဲ့ရုပ်သွင်ပြင်လေး ကြောင့် သူမကိုအားပေးတဲ့ပရိသတ်တွေလည်းအများအပြားပါပဲ။ သူမရဲ့အေးချမ်းတဲ့ အသံလေးနဲ့ ဗမာသံစဉ်လေးတွေဆိုတိုင်း နားဆင်သူတွေဟာ စိတ်နှလုံးအေးချမ်းရပါတယ်။ အသက်ငယ်ပေမယ့် အောင်မြင်ကျော်ကြားမှုတွေကြားမှာ ယစ်မူးတွယ်တာမနေဘဲ တကယ့်အေးချမ်းမှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့သလို ဆုံးဖြတ်ချက်လည်းပြတ်သားလွန်းတဲ့ ကလေးလေးကို လူကြီးတွေကိုယ်တိုင်ကတောင် ချီးကျူးလေးစားနေခဲ့ရပါတယ်။ မိဘရဲ့ ကောင်းမွန်တဲ့အဆုံးအမအောက်မှာကြီးပျင်းခဲ့သူမို့ ဓမ္မနဲ့ရင်းနှီးပြီး သာသနာရဲ့အနှစ်သာရကို အပြည့်အဝသိတာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

Photo Credit - Nway Nway Chit Phwal's FB Acc
Photo Credit - Nway Nway Chit Phwal's FB Acc

ဆရာလေးသောမာထရီ (ခ) မေသက်ထားဆွေရဲ့ အမွန်မြတ်ဆုံးလုပ်ရပ်အတွက် လေးစားဂုဏ်ယူမိတဲ့ အကြောင်းကို " လေးစားလွန်းတယ် အားကျရလွန်းတယ် အသက်ငယ်ပေမယ့် အပူထဲ အအေးသို့ အမှန်တကယ်ကရုန်းထွက်နိုင်ခဲ့တဲ့ဆရာလေး တရာထူးတရားမြတ်ရ၍ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပါစေ တလေးတစား ရိုသေစွာ ကန်တော့လိုက်ပါတယ် ????? လူ့ဘောင်ကိုစွန့်ကာ သာသနာဘောင်မှာရာသက်ပန် တရားအားထုတ်တော့မယ့် ဆရာလေး သောမာထရီ (တစ်ဖြစ်လဲ) မေသက်ထားဆွေ " ဆိုပြီး နွေးနွေးချစ်ဖွယ်က သူမရဲ့လူမှုကွန်ရက်မှာ တလေးတစားဖော်ပြခဲ့ ပါတယ်။ သာဓုပါဆရာလေးရေ အေးချမ်းတဲ့ဘုရားရိပ်တရားရိပ်မှာ တရားထူးတရားမြတ်တွေ အားထုတ်နိုင်ပါစေလို့ တောင်းဆုပြုပါတယ်။

Photo Credit - Nway Nway Chit Phwal's FB Acc
Photo Credit - Nway Nway Chit Phwal's FB Acc

သတင်း အရင်းအမြစ်Nway Nway Chit Phwal's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T