ပန်းတိုင်ရောက်ခါနီးပြီဖြစ်တဲ့အတွက် အားတင်းထားကြဖို့ ပရိသတ်တွေအတွက်အားပေးစကားပြောလာတဲ့ ဘုန်းဆက်သွင်

//s9.kh1.co/7b/7bd2a423a2471af27b1898df3c70db87d4c1f8a3.jpg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် ဘုန်းဆက်သွင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။

Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc

ဘုန်းဆက်သွင်ဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်တည်းကစကာယနေ့အချိန်ထိ အားကြိုးမာန်တက်ပါ၀င်နေတဲ့သူဖြစ်ပြီး ၅၀၅(က)နဲ့လည်း အမှုဖွင့်ခံထားရသူပါ။ အခုလိုအခက်အခဲတွေနဲ့ တွေ့ကြုံနေရပေမယ့်လည်း ဘုန်းဆက်သွင်ဟာ တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့်နေတာကို ပရိသတ်ကြီးလည်းတွေ့မြင်ကြမယ်ထင်ပါတယ်။အခုဆိုရင်လည်း ဘုန်းဆက်သွင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ပရိသတ်တွေအတွက် ခွန်အားဖြစ်စေမယ့်စာလေးရေးသားလာခဲ့တာဖြစ်ပါတယ်.....။

Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc

"ပျော်ချင်လို့ပါဗျာဒီလမ်းကို အတူတူစခဲ့ ကြပီးပီဘဲ လက်တွေကို မြဲအောင်တွဲပီး

အဆုံးထိ လျှောက်ကြရအောင်ဗျာ

ခင်ဗျား မလျှောက်နိုင်တော့ရင် ခင်ဗျားကို

ကျွန်တော့်ကျောပေါ်တင်ပီး ဆက်လျှောက်မယ်

ကျွန်တော် မလျှောက်နိုင်တော့ရင် ကျွန်တော့်ကို

ခင်ဗျား ကျောပေါ်တင်ပီး ခေါ်သွားပေးပါ

တစ်ခုထဲသော ပန်းတိုင်က ရောက်တော့မှာမို့

အောင်ပွဲ ရောက်ရင် အဲဒီလက်ကိုဘဲတွဲပီး

ပျော်ချင်လို့ပါဗျာ......" ဆိုပြီး ပရိသတ်တွေအတွက် ရေးသားခဲ့တာဖြစ်ပါတယ်။ ကဲ.....ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc

သတင်း အရင်းအမြစ်PhoneSett Thwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T