ဖိနှိပ်ဖြိုခွင်းမှုတွေကြားထဲကနေ နေ့စဉ်မပြတ်ထွက်ပေါ်လာနေဆဲဖြစ်တဲ့ မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်းပုံရိပ်များ

//s9.kh1.co/0c/0cc22be2848f9c2d8d5f157e47d41a7ae2f79e79.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တစ်နိုင်ငံလုံးနီးပါးဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်မှုတွေဟာ အခုဆိုရင် ရက်ပေါင်း ၁၀၀ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ဖြိုခွင်းဖမ်းဆီးမှုတွေအများအပြားနဲ့လည်း တွေ့ကြုံနေကြရတာပါ။ ဖြိုခွင်းမှုတွေကြောင့် ဖမ်းဆီးခံရသူတွေနဲ့ သေဆုံးသူဦးရေလည်းများပြားလာနေတာဖြစ်ပေမယ့် ပြည်သူတွေဟာ ယနေ့အချိန်ထိ ဆက်လက်တော်လှန်နေကြဆဲဖြစ်ပါတယ်.....။

Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc

ယနေ့ မေလ(၁၃)ရက်နေ့မှာဆိုရင်လည်း မန္တလေးမြို့ရှိ တပ်ပေါင်းစုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတာဖြစ်ပြီး ပြည်သူအများအပြားပါ၀င်ခဲ့ကြတာဖြစ်ပါတယ်။ အခုလိုမျိုး ဖိနှိပ်မှုတွေကြားကနေ ထွက်ပေါ်လာတဲ့မန္တလေးလူထုရဲ့ သတ္တိဟာဆိုရင် လူတိုင်းမချီးကျူးပဲမနေနိုင်လောက်အောင်ကို ပြောင်မြောက်လွန်းလှပါတယ်နော်....။

Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc

မကြာသေးမီကလည်း ဆရာတေဇာဆန်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ယနေ့ မနက်ပိုင်း၊ ရွှေမန်းမြေက သပိတ်ပုံရိပ်အချို့-တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များ သပိတ်။စက်မှုလူထု၊ အထက (၂၇) ကျောင်းသားဟောင်းများ ပူးပေါင်းသပိတ်။ သပိတ်သပိတ်___မှောက်မှောက်။ ဆန္ဒဆန္ဒ ပြပြ။ အာဏာဖီဆန်CDM ဆက်လုပ်ကြဆက်လုပ်ကြ။ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ဒို့အရေး။ဒီမိုကရေစီရရှိရေး ဒို့အရေး။ ကျနော်တို့ ဆက်လက်ပြီးတော့ ဒီအသံကို အကျယ်လောင်ဆုံး အော်ဟစ်ကြမယ် စစ်အာဏာရှင်အဆက်ဆက်ကို ကြောက်ဒူးတုန်စေတဲ့ ဒို့အရေးအသံ ဘဝဂ်တိုင် ညံစေရမယ်။ ကြောက်ခေတ်ကို မှောက်ပစ်ကြမယ်...." ဆိုပြီးရေးသား‌မျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc

သတင်း အရင်းအမြစ်Tayzar San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T