ကျဆုံးသွားခဲ့တာ(၂)လတိတိပြည့်သွားပြီဖြစ်တဲ့ မောင်ထက်မြက်အောင်ကို နေ့တိုင်းသတိရပြီး ဝမ်းနည်းကြေကွဲနေကြတဲ့ သူငယ်ချင်းများ

//s9.kh1.co/02/0269aff8af3f10a2b37c12e8610c490678dac834.jpeg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားခဲ့တာ(၂)လတိတိပြည့်သွားပြီဖြစ်တဲ့ မောင်ထက်မြက်အောင်ကို နေ့တိုင်းသတိရပြီး ဝမ်းနည်းကြေကွဲနေကြတဲ့ သူငယ်ချင်းများ

ရက်မှလတွေသို့ အလီလီပြောင်းရွှေ့လာပေမယ့် ကျဆုံးသွားတဲ့သူရဲကောင်းတွေကိုတော့ ပြည်သူလူထုက အမြဲသတိရနေကြတာဖြစ်ပါတယ်။မိမိတို့ရဲ့အသက်ကိုစွန့်လွှတ်ပြီး ပါဝင်အားဖြည့်ပေးသွားကြတဲ့ သူရဲကောင်းတွေရဲ့ရဲစွမ်းသတ္တိကို သမိုင်းတွင်ကျန်ရစ်နေအောင် လူတိုင်းရဲ့ရင်ထဲမှာမှတ်တမ်းတင်ထားကြတာဖြစ်ပါတယ်။အခုချိန်ထိလည်း အသက်ပေးနေရတဲ့သူရဲကောင်းတွေရှိနေဆဲဖြစ်တာကြောင့် ကျဆုံးသူဦးရေ အယောက်(၇၀၀)ကျော်ရှိနေပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မတ်လ(၁၃)ရက်နေ့မှာ ပြည်မြို့က သူရဲကောင်းလေးမောင်ထက်မြက်အောင်ဆိုရင် ကျည်ထိမှန်ပြီး အချိန်မီဆေးကုသမှုမရရှိခဲ့တာကြောင့် သွေးထွက်လွန်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။မောင်ထက်မြက်အောင် ကျဆုံးချိန်မှာ အသက်(၁၉)နှစ်အရွယ်သာရှိသေးပြီး သန်လျင်၊ရေကြောင်းတက္ကသိုလ်က ပထမနှစ်ကျောင်းသားလေးပဲဖြစ်ပါတယ်။မောင်ထက်မြက်အောင်ရဲ့ သူငယ်ချင်းတွေခမျာမှာလည်း ညီအစ်ကိုတွေလိုပေါင်းသင်းလာကြတဲ့သူငယ်ချင်းအရင်းကြီးကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနာကျင်နေခဲ့ကြတာဖြစ်ပါတယ်။     

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့ မေလ(၁၃)ရက်နေ့ကတော့ မောင်ထက်မြက်အောင် ကျဆုံးတာ(၂)လတိတိပြည့်သွားတဲ့နေ့လေးဖြစ်ပါတယ်။သူရဲကောင်းမောင်ထက်မြက်အောင်ရဲ့ သူငယ်ချင်းတွေကလည်း (၂)လပြည့်နေ့လေးမှာ ရင်တွင်းစကားလေးတွေကို ရေးသားပြီး နေ့တိုင်းသတိရနေကြကြောင်းကို ဖွင့်ဟလာကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ချစ်သူတွေခမျာ သေကွဲကွဲခြင်းနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားရတဲ့ သူရဲကောင်းတစ်ယောက်စီတိုင်းကို လေးစားမိရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T