တလုပ်ရွာတိုက်ပွဲမှာ ခုခံကာကွယ်ရင်းအသက်ဆုံးရှုံးခဲ့ရတဲ့ ပထမနှစ်ကျောင်းသားလေး မောင်ဇင်ကိုထွန်း

//s9.kh1.co/7c/7c470450f64b7d62a7ef235c73c8dcb46fe8653e.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မန္တလေးတိုင်းအတွင်းရှိ မြင်းခြံခရိုင်မှာရှိတဲ့ တလုပ်မြို့လေးမှာတော့ ပြီးခဲ့တဲ့မေလ ၁၁ရက်နေ့ကစတင်ကာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေပြင်းထန်တာကြောင့် ရွာသူရွာသားအချို့လည်း ဘေးလွတ်ရာကိုထွက်ပြေးခိုလှုံနေရပြီး အင်အားမမျှလွန်းတာကြောင့် ရွာသားတွေအနေနဲ့ အပြင်းအထန်ခုခံတော်လှန်ခဲ့ကြရတာဖြစ်ပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုမျိုး တလုပ်မြို့လေးမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ယမန်နေ့ ၁၂ရက်နေ့တွင် ခုခံနေကြတဲ့ပြည်သူအချို့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာဆိုရင် တက္ကသိုလ်ကျောင်းသားလူငယ်လေးတွေလည်း ပါ၀င်ခဲ့တာဖြစ်ပြီး တက်ကြွစွာပါ၀င်ခဲ့တဲ့ လူငယ်လေးတစ်ယောက်လည်း အသက်ဆုံးရှူံးခဲ့တာဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter

သေဆုံးခဲ့တဲ့လူငယ်လေးဟာ Myingyan GTC၊ IT ဌာန၊ ပထမနှစ်၊ 1G IT (Section - B)က မောင်ဇင်ကိုထွန်း (ညောင်တိုကျေးရွာ)ကဖြစ်ပြီး Dead bodyလာရောက်ယူဖို့ မိသားစုကို ယနေ့မနက်ပိုင်းမှာဆက်သွယ်ခဲ့တယ်လို့ မြင်းခြံ Newsမှာဖော်ပြထားပါတယ်။ သေဆုံးသွားခဲ့တဲ့ လူငယ်ဇင်ကိုထွန်းနဲ့ပက်သက်ပြီး Twitterမှာ ချက်ချင်းပျံ့နှံ့လာခဲ့တာဖြစ်ပြီး ပြည်သူအများအပြားလည်း လွန်စွာ စိတ်မကောင်းဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Photo credit-Twitter
Photo credit-Twitter

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T