မပို အင်းစိန်ထောင် ရောက်ပြီလို့ မိသားစုထံမှ သိရတဲ့ အကြောင်းကို ပြန်လည်ပြောပြလာတဲ့ Hu Go

//s9.kh1.co/62/62647c342ca079261a71039d561c8472f2915802.jpg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေနဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်မောင်နှမတွေက စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။ယခုလို ပြည်သူတွေနဲ့အတူ လှုပ်ရှားနေကြတဲ့ အနုပညာရှင်တွေထဲမှာ ပိုပိုကလည်း လမ်းမပေါ်ထွက်ကာ အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့ သူပဲဖြစ်ပါတယ်။

Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Hu Go FB Page
Photo Credit- Hu Go FB Page

လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမယ့် သူတွေထဲတွင် ပါဝင်လာခဲ့တာ ဖြစ်ပြီး ဧပြီလ (၁၅)ရက်နေ့တွင် သူမရဲ့အိမ်တွင် ဖမ်းဆီး အရေးယူခံလိုက်ရတာ ပဲဖြစ်ပါတယ်။အရင် ရက်ပိုင်းကဆိုရင် ပိုပိုနဲ့ ပက်သက်ပြီး ကောလဟာလ တွေက ထွက်ရှိနေတာ ဖြစ်ပြီး သူမရဲ့အိမ်ကလည်း အခုချိန်ထိ ဘယ်ရောက်လို့ ရောက်မှန်းမသိသေးတာကြောင့် မမှန်တဲ့ သတင်းတွေကို မတင်ကြဖို့ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။

Photo Credit- Hu Go FB Page
Photo Credit- Hu Go FB Page
Photo Credit- Hu Go FB Page
Photo Credit- Hu Go FB Page

ဒီနေ့မှာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဒယ်လ် သရုပ်ဆောင် Hu Go က "မပို အင်းစိန်ထောင် ရောက်ပြီလို့ မိသားစုထံမှ သိရ ကျန်းမာပါစေ အမ ?"ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်တွင် တင်ပေးလာတာ ဖြစ်ပါတယ်။"ကျန်းမာရေးမခြေအနေတော့မသိရသေးဘူး!သိရရင်ပြန်မျှဝေပေးပါ့မယ်! But သူက ဘုရားတရားသမားဆိုတော့ Will Power ကောင်းတယ်!အဲ့တော့ I HOPE So သူဒီဒဏ်ကိုအသာလေးကျော်လွှားနိုင်မှာပါ!သူအတွက်လဲ ဆုတောင်း​ပေးကြပါအုံး?"လို့ သူရဲ့ပို့စ်အောက်တွင် ပရိသတ်တွေသိအောင် ထပ်ပြီးရေးသားမျှဝေထားတာ ဖြစ်ပြီး ပိုပိုရဲ့ ပရိသတ်တွေကလည်း ကျန်းမာရေးကောင်းမွန်ပြီး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းထားကြတာ ပဲဖြစ်ပါတယ်။

Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page

သတင်း အရင်းအမြစ်Hu Go FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T