အမှန်တကယ်ခက်ခဲနေတဲ့ ဒလမြို့နယ်က ကျူးအိမ်ထောင်စု (၁၀၀) အတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/ef/efd6737968f262f6e8762f22d428cb8cb3349cd5.png
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

အခုကာလမှာလူတန်းစားပေါင်းစုံ ငွေကြေးအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။ အရင်ကတည်းက မပြေလည်တဲ့မိသားစုတွေအတွက်တော့ အခုလိုအကျပ်အတည်းကာလဟာ လောကငရဲလိုပါပဲ။ ပရဟိတအကျိုးတောင်ဆောင်တွေရဲ့ ကူညီဖေးမမှုဟာလည်း ခက်ခဲနေသူအတွက် ကောက်ရိုးတစ်မျှင်ပါပဲ။ ဒီနေ့မှာလည်း ဝေဠုကျော်ဖောင်ဒေးရှင်းက ဒလမြို့နယ်၊ ဆာဖာရီချောင်ကျူးအိမ်တွေထဲကမှ အမှန်တကယ်ခက်ခဲနေတဲ့ အိမ်ထောင်စု (၁၀၀) အတွက် အခြေခံစားသောက်ကုန်တွေသွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ မငြိမ်းနိုင်တဲ့ ဝမ်းမီးအတွက် အခုလိုလှူဒါန်းမှုတွေလုပ်ပေးတာ ကျေးဇူးတင်စရာကောင်းလွန်းပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc

ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် အမြဲတမ်းကြည့်ပေးတတ်တဲ့ ဖောင်ဒေးရှင်းက ပရဟိတ အကျိုးတော်ဆောင်တွေရဲ့ စွန့်လွှတ်စွန့်စားစိတ်ဓာတ်ဟာ လေးစားစရာပါ။ လူပေါင်းများစွာရဲ့ သောကအပူမီးတွေကို တတ်နိုင်တဲ့အားနဲ့ငြိမ်းသတ်ပေးချင်တဲ့ စိတ်စေတနာကြောင့်လည်း အလှူရှင်တွေက ယုံကြည်ပြီး လှူဒါန်းပေးကြပါတယ်။ ဒီအလှူငွေတွေကြောင့်လည်း အခက်အခဲဖြစ်နေတဲ့ နေရာဒေသတွေထိ အရောက်သွားပြီး ကူညီပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လှူဒါန်းခဲ့တဲ့ပုံရိပ်တွေဟာလည်း အလှူရှင်တွေ အတွက်ရော ကိုယ်တိုင်သွားလှူသူတွေအတွက်ရော ပြန်ကြည့်တိုင်း ပီတိဖြစ်စရာ အမှတ်တရတစ်ခုပါပဲ။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

ပီတိဖြစ်စရာအလှူပုံရိပ်တွေကို " ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်များကိုယ်စား ဒလမြို့နယ်၊ ဆာဖာရီချောင်ကျူး အိမ်များထဲမှ အမှန်တကယ်ခက်ခဲလိုအပ်နေသော အိမ်ထောင်စု (၁၀၀) စု သို့ တစ်အိမ်ထောင်လျှင် ဆန် (၃) ပြည်၊ ငါးခြောက်၊ ကုလားပဲ၊ ကြက်သွန်နီ၊ ငါးပြာရည်၊ အချိုမှုန့်တို့ကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ ခက်ခဲနေကြတဲ့ အိမ်ထောင်စုများအတွက် လှူဒါန်းပေးကြပါသော အလှူရှင်များအား ဖောင်ဒေးရှင်းမှ ကျေးဇူးအထူးတင်ရှိပါတယ်။ " ဆိုပြီး ဝေမျှခဲ့ပါတယ်။ အမြဲတမ်း အလှူနဲ့လက်နဲ့မပြတ်ဘဲ လိုအပ်သူတိုင်းကို ကူညီပေးနိုင်ပါစေ။

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T