သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်မှာပါ ထူးချွန်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ဆယ်စုနှစ်တိုင်အောင် ရရှိထားသူကတော့ သရုပ်ဆောင် ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်။ လူတိုင်းအပေါ်အမြဲကူညီချင်တတ်တဲ့ စိတ်ထားလေးကြောင့် အားလုံးက ချစ်ခင်လေးစားနေကြတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အိတ်ပျောက်ဆုံးမှုပြသနာနဲ့ ရင်ဆိုင်နေရတဲ့ Miss Universe Myanmar အလှမယ် သူဇာဝင့်လွင်ကို အတတ်နိုင်ဆုံး ကူညီပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သူငယ်ချင်းတွေနဲ့အတူ Candy လေးကို အားပေးရန်အတွက် Miami ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ပြိုင်ပွဲအတွက် အဆင်ပြေစေရန်လည်း နယူးယောက်မြို့ကနေ မြန်မာဝတ်စုံနှစ်စုံယူလာကာ Candy ထံသို့ သွားပို့ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲလာရောက်ကြည့်ရှုဖို့အတွက်လည်း ဥက္ကာမင်းမောင်တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားနေတာဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် Miss Universe ပြိုင်ပွဲခန်းမထဲထိသွားရောက်ပြီး အခက်အခဲတွေနဲ့ယှဉ်ပြိုင်ခဲ့ရသော သူဇာဝင့်လွင်ကို အားပေးဝန်းရံခဲ့တဲ့ ပုံရိပ်တွေကိုဝေမျှထားတာ ဖြစ်ပါတယ်။
ဥက္ကာမင်းမောင်ကတော့ ဒီပွဲကြီးတွင် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံအလံကို ကိုင်ဆောင်ပြီး အားရပါးရ အော်ဟစ်အားပေးခဲ့တာ ဖြစ်ပါတယ်။ Candy ကတော့ ချင်းလူမျိုးတို့ရဲ့ အမြတ်တနိုးတန်ဖိုးထားတဲ့ ရိုးရာဝတ်စုံဖြင့်အခက်အခဲမရှိ ပါဝင်ယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း မြန်မာပြည်သူအချင်းချင်း အခုလိုအားပေးဝန်းရံခဲ့တဲ့ ဥက္ကာမင်းမောင်ကို ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။ Candy တစ်ယောက် Miss Universe ဆုကြီးကို သိမ်းပိုက်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Okkar Min Maung’s Facebook Page