အကြောက်တရားကို ​မှောက်ထားပြီး အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေတဲ့ ရန်ကုန်ကလူငယ်များ

//s9.kh1.co/c2/c2c0e638afd0f9e70a69e7b0a820556f527f24b0.jpg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အမျိုးမျိုးသော ဆန္ဒထုတ်ဖော်မှုတွေ နေ့စဥ်နေ့တိုင်း မြင်တွေ့နေရတဲ့ ရန်ကုန်မြို့အတွင်းမှာလည်း ယနေ့ မေလ ၁၄ ရက်နေ့မှာ လူငယ်တွေ ဦးဆောင်ပြုလုပ်တဲ့ ပြောက်ကျားသပိတ်တစ်ခု ထွက်ရှိခဲ့ပါတယ်။

ဒီပြောက်ကျားသပိတ်ထဲမှာတော့ ဒေါပုံမြို့နယ်က လူငယ်တွေ ၊ စမ်းချောင်းမြို့နယ်ကလူငယ်တွေနဲ့ အခြားမြို့နယ်အချို့က လူငယ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေပါဝင်တယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီ သပိတ်ထဲမှာပါဝင်တဲ့သူတွေဟာ ငါတို့အား လုံးဝအုပ်ချုပ်၍မရစေရ ဆိုတဲ့ခံယူချက်နဲ့အတူ အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် လမ်းမပေါ်ထွက် ဆန္ဒဖော်ထုတ်နေကြတာပဲ ဖြစ်ပါတယ်။

လူဦးရေ တစ်ရာကျော်လောက်ပါဝင်တဲ့ ဒီပြောက်ကျားသပိတ်ဟာ အလုံမြို့နယ်အတွင်းမှာ အောင်မြင်စွာ ဆန္ဒဖော်ထုတ်နိုင်ခဲ့ပြီး အထိအခိုက် အဖိတ်အစင် ဖမ်းဆီးခံရတာမျိုး မရှိပဲ လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

အကြောက်တရားကို ​မှောက်ထားပြီး သတ္တိသွေး ရဲရဲနီစွာနဲ့ လမ်းမပေါ်တက် ဆန္ဒဖော်ထုတ်နေကြတဲ့ လူငယ်တွေရဲ့ ကြွေးကျော်သံတွေကို ကြားရတဲ့ပြည်သူတွေကလည်း ထောက်ခံအားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း မြန်မာနိုင်ငံအနှံ့က မြို့တော်တော်များများမှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေ များစွာထွက်ရှိခဲ့ပေမယ့် ဖမ်းဆီးခံရတာမျိုးတော့ မတွေ့ရသေးပါဘူး။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T