မီတာမဆောင်ပါက မီးဖြတ်မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

//s9.kh1.co/8c/8cc477a6c1a54b3984ec81e34c16104810ae6f6c.jpg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းထုတ်ဝေတဲ့ သတင်းစာတွေထဲမှာတော့ မီတာမဆောင်ပါက မီဖြတ်မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးငှာန ရဲ့ ထုတ်ပြန်ကြေညာချက်တစ်ခုပါဝင်လာပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ထဲမှာတော့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန်အတွက် နေ့ည မလပ် ၊ ရာသီဥတု ၊ အချိန်အခါမရွေး လျှပ်စစ်ဓတ်အားထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်လက်၍လည်း အကောင်းဆုံး ဝန်ဆောင်မှုဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Photo credit orginal uploader
Photo credit orginal uploader

ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် လျှပ်စစ်ဓတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်စေရန် နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများမှ လျှပ်စစ်ဓတ်အားထုတ်လုပ်လျက် ရှိသည့်အပြင် ပုဂ္ဂလိကစက်ရုံများမှလည်း လျှပ်စစ်ဓာတ်အားများကိုဝယ်ယူ၍ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများထံမှရရှိသော ဓာတ်အားခများဖြင့် ပြည်သူများလိုလားနေသော တည်ငြိမ်ပြည့်ဝလုံလောက်သည့် လျှပ်စစ်ဓတ်အားများကို နိုင်ငံပိုင်စက်ရုံများမှ ထုပ်လုပ်ရသကဲ့သို့ ပုဂ္ဂလိကပိုင်စက်ရုံများမှလည် ဝယ်ယူဖြန့်ဖြူးပေးနေရသဖြင့် သုံးစွဲသည့် လျှပ်စစ်ဓာတ်အားခများအား ပေးသွင်းမှသာလျှင် စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ဝယ်ယူ ဖြန့်ဖြူးနိုင်မယ်ဖြစ်ပါသည်။

Photo credit orginal uploader
Photo credit orginal uploader

သို့ဖြစ်ပါ၍ လျှပ်စစ်ဓတ်အားသုံးစွဲသူ မိဘပြည်သူများအနေဖြင့် မိမိတို့သုံးစွဲခဲ့သော ဓာတ်အားခကျသင့်ငွေများကို လအလိုက် တိုးမြှင့်သတ်မှတ်ပေးထားသည့် ရက်များမတိုင်မီ ပေးသွင်းရန်လိုအပ်ပါသည်။ ထိုသို့ပေးသွင်းရာတွင် Mobile Banking ဖြင့်လည်း ပေးသွင်းနိုင်ပါကြောင်းနှင့် သတ်မှတ်ရက်များအတိုင်း ပေးသွင်းခြင်းမရှိပါက လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓတ်အားဖြတ်တောက် အရေးယူခြင်း မခံရစေရန် စေတနာဖြင့်အသိပေးနှိုးဆော်အပ်ပါသည် လို့ပါဝင်ပါတယ်။

ဒီထုတ်ပြန်ကြေညာချက်နဲ့ပတ်သတ်ပြီး ပြည်သူတွေကတာ့ အာဏာရှင်နဲ့ ယန္တရားကို ပြန်လည်ပတ်စေနိုင်မယ့် မီတာခကို မပေးဆောင်ကြဖို့ တိုက်တွန်းနေကြတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=911,q=100/17/17f7433f3f6cdeba5944b26290d3d8412b01ad1a.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T