ကရင်လူမျိုးလို့ ရဲရဲရင့်ရင့်ဖြေခဲ့တာကြောင့် သူပုန်ဆိုပြီး ပြောခံခဲ့ရတဲ့ ငယ်ငယ်တုန်းကအဖြစ်အပျက်လေးကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/77/77a5083d9b14a702fa6bab57bc995fbcb357295d.jpeg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကရင်လူမျိုးလို့ ရဲရဲရင့်ရင့်ဖြေခဲ့တာကြောင့် သူပုန်ဆိုပြီး ပြောခံခဲ့ရတဲ့ ငယ်ငယ်တုန်းကအဖြစ်အပျက်လေးကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကတော့ တစ်မြေတည်းနေ၊တစ်ရေတည်းသောက်ပြီး ချစ်ချစ်ခင်ခင်နဲ့ စုစည်းနေထိုင်နေကြတာပဲဖြစ်ပါတယ်။မြန်မာပြည်အတွင်းမှာလက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေကိုလည်း သွေးချင်းညီအစ်ကိုမောင်နှမတွေက အပြန်အလှန်ရိုင်းပင်းကူညီရင်း ရင်ဆိုင်နေကြတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေက စိတ်ရင်းစေတနာကောင်းကြပြီး ဘယ်သူ့ကိုမဆိုကူညီဖေးမပေးတတ်ကြတာဖြစ်ပါတယ်။  

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကရင်ပြည်နယ်မှာနေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ KNU အဖွဲ့ကလည်း ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ပေးပြီး ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ကရင်လူမျိုးတစ်ယောက်က သူငယ်ငယ်ကကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့“ကျောင်းမှာ ဆရာမက နာမည်ကြည့်ပြီး ဘာလူမျိုးလဲမေးတော့ ကရင်လို့ ရဲရဲရင့်ရင့်ဖြေလိုက်တာကို သူပုန်ပေါ့လို့”ပြန်ပြောတာခံခဲ့ရဖူးတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်ချိန်တုန်းကဆိုရင် မြို့နေလူတန်းစားအားလုံးနီးပါး ဒီလိုမှိုင်းမျိုးကို မိခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ပြည်သူတွေအားလုံးက မသိနားမလည်ခဲ့လို့ မှားခဲ့ဖူးတဲ့အမှားလေးတွေကိုလည်း ပြန်လည်တောင်းပန်ထားကြတာကိုတွေ့ရပါတယ်။လက်ရှိမှာတော့ အရင်လိုစိတ်ဓာတ်မျိုးမရှိကြတော့ဘဲ ပြည်သူအကုန်လုံးက သွေးချင်းညီအစ်ကိုမောင်နှမတွေပဲဖြစ်လို့ နွေးနွေးထွေးထွေးနဲ့ ရင်းနှီးချစ်ခင်နေကြတာဖြစ်ပြီး အချင်းချင်းကာကွယ်ပေးနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T