ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြသကာ အိမ်တွင်းသပိတ်ကို ပြုလုပ်ခဲ့ကြတဲ့ ပဲခူးမြို့နယ်က လူငယ်များ

//s9.kh1.co/f1/f1c9803c4cbdd0db38fb04ff32edc6abfa6e25aa.jpg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူထုလှုပ်ရှားမှုတွေက တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့မြို့နယ်ဒေသအသီးသီးမှာ နေ့ရောညပါ မနားတမ်း နည်လမ်းမျိုးစုံ၊ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။ဖြိုခွင်းဖမ်းဆီးမှုနဲ့ အပစ်အခတ်တွေ ရှိတဲ့ကြားကနေ အန္တရယ်ကို မမှုဘဲ ဆက် လက် တော်လှန်နေကြတုန်း ဖြစ်ပါတယ်။ဒီနေ့မှာဆိုရင် ပဲခူးမြို့နယ်က GZလူငယ်များက အိမ်တွင်းသပိတ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။အခုလိုမျိုး တူညီတဲ့ ပန်းတိုင်ကို အားမလျော့ဘဲ လျှောက်လှမ်းနေတဲ့ လူငယ်တွေရဲ့ဇွဲ၊လုံ့လ၊ဝီရိယ ကတော့ ချီးကျူးစရာပါပဲ.....။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် မြန်မာပြည်တွင်းမှာ သာမက ပြည်ပ ရောက်ရှိနေကြတဲ့ မြန်မာလူမျိူး တစ်ယောက်စီ တိုင်းကလည်း တစ်တပ်တစ်အား ပါဝင်လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။ပြည်သူတွေအားလုံးကလည်း ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံနေရပါစေ နောက်မဆုတ်ဘဲ ရရာနေရာကနေ ပူးပေါင်း ပါဝင်ကာ မြန်မာ့နွေဦးတော်လှန်ရေးကို ရှေ့ဆက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီရက်ပိုင်းမှာတော့ လူငယ်တွေက နေ့တိုင်းလိုလို လမ်းမပေါ်ထွက်ကာ စည်းစည်းလုံးလုံးနဲ့ ဆန္ဒထုတ်ဖော်ကြနေကြတာ ဖြစ်ပြီး (၃)လကျော်ကြာသွားပြီ ဖြစ်တဲ့ အခုအခြေအနေကို တောင့်ခံနေကြတုန်း ဖြစ်ပါတယ်။ယနေ့မေလ (၁၄)ရက်နေ့မှာ ပဲခူးမြို့နယ်က လူငယ်တွေရဲ့ ရင်ထဲကဆန္ဒတွေကို ထုတ်ဖော်ပြသထားတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။မိမိတို့ရဲ့အမိမြေအတွက် တာဝန်ကျေပွန်နေကြတဲ့ ပြည်သူ၊ပြည်သူများအားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းရှင်းကြပါစေလို့ myanmarload မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T