ကျည်ထိမှန်ပြီး လက်တစ်ဖက်ဖြတ်လိုက်ရတာကြောင့် သူရဲ့ခွေးလေးကို အရင်လိုသေချာမချီနိုင်တော့လို့ စိတ်မကောင်းဖြစ်နေတဲ့ မောင်လျှံဖြိုးအောင်

//s9.kh1.co/66/66f1e0afe09e7611eaedf27e820322ade032e83a.jpeg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျည်ထိမှန်ပြီး လက်တစ်ဖက်ဖြတ်လိုက်ရတာကြောင့် သူရဲ့ခွေးလေးကို အရင်လိုသေချာမချီနိုင်တော့လို့ စိတ်မကောင်းဖြစ်နေတဲ့ မောင်လျှံဖြိုးအောင်

လတ်တလောမှာဆိုရင် ပညာတတ်လူငယ်လေးတွေလည်း ဖမ်းဆီးခံနေရသလို အသက်လည်းပေးနေရတာဖြစ်လို့ပြည်သူလူထုအနေနဲ့လည်း ယူကြုံးမရဖြစ်နေတာဖြစ်ပါတယ်။အခုအခြေအနေမှာတော့ ပြည်သူတွေဘက်မှာ နစ်နာဆုံးရှုံးမှုတွေ အရမ်းများနေပေမယ့် စိတ်ဓာတ်အားမာန်အပြည့်နဲ့ ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် ကိုယ်လက်အင်္ဂါတွေတောင် ဆုံးရှုံးခံထားရပြီး အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။                

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မတ်လ(၂၇)ရက်နေ့ကလည်း အင်ဂျင်နီယာကျောင်းသားလေးဖြစ်တဲ့ မောင်လျှံဖြိုးအောင်က လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ ရော်ဘာကျည်တွေအပြင် ကျည်အစစ်တွေပါထိမှန်ခဲ့လို့ ညာဘက်လက်မှာ လက်ကောက်ဝတ်အထက်နားမှပြတ်ပြီး ညာဘက်မျက်လုံးတစ်ဖက်လည်း ကွယ်လုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။အင်ဂျင်နီယာကျောင်းသားဖြစ်တဲ့ မောင်လျှံဖြိုးအောင်ခမျာ ကျောင်းပြန်တက်ရင် ပုံဆွဲစရာလက်မရှိတော့လို့ ဝမ်းနည်းခံစားနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကလည်း မောင်လျှံဖြိုးအောင်ကို အားပေးစကားပြောကြပြီး အစစအရာရာဂရုစိုက်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မိသားစုတွေက သားဖြစ်သူဆီလာတွေ့ပြီး သူမွေးထားတဲ့ခွေးလေးကိုပါခေါ်လာပေးတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ကတော့ သူ့ရဲ့ခွေးလေးကို အရင်လို သေချာမချီနိုင်တော့တာကြောင့် စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း မောင်လျှံဖြိုးအောင်က မိဘတွေအပြုံးပန်းဆင်နိုင်ဖို့အတွက် အားတင်းပြီးရှေ့ဆက်နေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T