လမ်းပေါ်မှာ ဆိုက်ကားနင်း၊ အမှိုက်ကောက်နေရတဲ့ အဘိုးတွေကို ဆန်၊ဆီ၊ကြက်သွန်တွေပေးပြီး စပရိုက်လုပ်ခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/9d/9dda668edca55bdb7396a76591b795b658bdf03e.jpg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်မှာ ဆိုက်ကားနင်း၊ အမှိုက်ကောက်နေရတဲ့ အဘိုးတွေကို ဆန်၊ဆီ၊ကြက်သွန်တွေပေးပြီး စပရိုက်လုပ်ခဲ့တဲ့ ပြည်သူတစ်ဦး

အလှူအတန်းနဲ့ပတ်သက်ရင် လက်မနှေးကြတဲ့ မြန်မာပြည်သူတွေရဲ့မွန်မြတ်လှတဲ့စိတ်ထားကတော့ တကယ့်ကို ချီးကျူးချင်စရာကောင်းလှပါတယ်။ အခုလိုမျိုး ပြည်သူတွေ အများစု အကျပ်အတည်းရောက်နေတဲ့အချိန်မှာ ကူညီပေးကြတဲ့ စေတနာရှင်တွေကလည်း တကယ့်ကို လေးစားဂုဏ်ပြုထိုက်တာပဲ ဖြစ်ပါတယ် ။ စေတနာရှင်တွေကတော့ အခက်အခဲရောက်နေတဲ့ ပြည်သူတွေကို ကိုယ်တိုင်အားပေးကူညီသလို အခြားသူတွေပါ ဖေးမပေးလို့ရအောင် တိုက်တွန်းတတ်ကြတာ ဖြစ်ပါတယ် ။

Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc

အခုလည်း စေတနာရှင်အမျိုးသားတစ်ဦးက လမ်းပေါ်က အဘိုးတွေကို Surprise တစ်ခုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ သူကတော့ ဆိုက်ကားနင်းတဲ့ အဘိုးတွေနဲ့ အမှိုက်ကောက်တဲ့ အဘိုးတွေကို သွားရောက်တွေ့ဆုံပြီး ဆန်၊ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ ပဲနဲ့အားလူးတွေ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ လတ်တလော Facebook မှာ Surprise Gifts တွေပေးတာ ခေတ်စားနေသလို သူကလည်း အဘိုးတွေကို ရစေချင်တာကြောင့် အခုလိုလုပ်ပေးတာဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc

အသက်အရွယ် ကြီးနေပြီဖြစ်ပေမယ့်လည်း ဝမ်းရေးအတွက် လမ်းပေါ်ထွက်ကာ ရှာဖွေနေတဲ့ အဘိုးအဘွားတွေရဲ့ဘဝက တကယ့်ကို ကရုဏာသက်စရာကောင်းလောက်ပါတယ်။ ဒီလိုအဘိုးတွေကိုမှ စေတနာအပြည့်နဲ့လှူဒါန်းပေးခဲ့တဲ့ အဲ့ဒီအမျိုးသားရဲ့လုပ်ရပ်ကိုလည်း ပြည်သူတွေက ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် အဘိုးအဘွားတွေအတွက် လှူဒါန်းချင်တဲ့သူတွေအနေနဲ့ သူ့ဆီမှာ ပါဝင်အားဖြည့်ပေးလို့ရကြောင်း ဖော်ပြထားတာလည်း တွေ့ရပါတယ်။

Source & Photo Credit-ArrPuu Tuu's FB Acc

Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Photo Credit-ArrPuu Tuu's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T