ကွယ်လွန်သွားတဲ့ဘဘဦးစိန်ရိုးရဲ့ ဈာပနအခမ်းအနားနဲ့ ရက်လည်ဆွမ်းသွတ် တရားတော်နာ ကြွရောက်ကြဖို့ ဖိတ်ကြားလိုက်တဲ့ ကောင်းစံ

//s9.kh1.co/dd/ddbebf790753aa25bed77c31680ea729c00c3c3b.jpeg
အနုပညာရှင်များ

 ၁၆-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ရယ်စရာဟာသပြက်လုံးတွေနဲ့ လူရွှင်တော်တစ်ယောက်အဖြစ် အောင်မြင်မှုတွေရရှိထားသလို ဇာတ်ကားတွေလည်း ရိုက်ကူးထားတဲ့ ဦးစိန်ရိုးကတော့ ပြီးခဲ့တဲ့ရက်ကပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်..။

အသက်(၈၇)နှစ် အရွယ် ဘဘဦးစိန်ရိုးကတော့ မေလ(၁၅)ရက်နေ့ မနက်ပိုင်းကပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ဆုံးပါးသွားတာဖြစ်ပြီး ပရိသတ်တွေနဲ့ အနုပညာရှင်တွေများစွာကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်..။

Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc<br>
Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc
Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc
Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc

ကွယ်လွန်သွားတဲ့ ဘဘဦးစိန်ရိုးအတွက် အားလုံးက ဆုတောင်းမေတ္တာပို့သထားကြပြီး ဈာပနအခမ်းအနားနဲ့ ရက်လည်ဆွမ်းသွတ်တရားတော်နာ ကြွရောက်ကြဖို့ လူရွှင်တော်ကောင်းကျော်နဲ့ ကောင်းစံတို့ကလည်း  ဖိတ်ကြားလာပါတယ်..။

"ဘဘဦးစိန်ရိုး၏ ရုပ်ကလပ်အား (၁၇.၅.၂၀၂၁)ရက်နေ့ နေ့လည်၃း၀၀နာရီတွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်ပါမည် (၂၁.၆.၂၀၂၁)ရက်နေ့တွင် အိမ်အမှတ် ၃၈၃ သုတ ၇လမ်း ၄ ရပ်ကွက်တွင် ဥက္ကလာနေအိမ်သို့ ရက်လည်ဆွမ်းသွတ် တရားတော်နာ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည် နေအိမ်မှ ကားများ ၁း၃၀ထွက်ပါမည်.." ဆိုပြီး ကောင်းစံက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဖိတ်ကြားလိုက်တာဖြစ်ပါတယ်..။

Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc
Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc
Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - U Kaung Kyaw's Fb Acc

လူရွှင်တော်ကောင်းကျော်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ "ဟာသလူရွှင်တော်ကြီး ဦးစိန်ရိုး စျာပနအား မနက်ဖန် 17-5-2021 ညနေ ၃နာရီ ရေဝေး သုဿန် သို့ပို့ဆောင်သဂြိုလ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ဟာသညီကိုတော်များ

ခင်ဗျာ။.." ဆိုပြီး ဖိတ်ကြားထားပါသေးတယ်..။

ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း ဘဘဦးစိန်ရိုးတစ်ယောက် ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc
Photo Credit - ကောင်းစံ လူရွှင်တော် Fb Acc

သတင်း အရင်းအမြစ်ကောင်းစံ လူရွှင်တော် Fb Acc &amp; U Kaung Kyaw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T