ဈေးရောင်းရာမှ ရရှိတဲ့ အမြတ်ငွေများအား လိုအပ်သော နေရာများသို့ လှူဒါန်းပေးသွားမယ့် ဆောင်းယွန်းစံ

//s9.kh1.co/d9/d957ac685b39dcbfb10202308d009e4ab73ae907.jpeg
အနုပညာရှင်များ

 ၁၆-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

စိတ်ထားကောင်းပြီး လူတိုင်းအပေါ် အမြဲကူညီချင်စိတ် ရှိတာကြောင့် ပရိသတ်တွေ ချစ်ခင်အားပေးနေ သူကတော့သရုပ်ဆောင် ဆောင်းယွန်းစံပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကိုသာ တစ်စိုက်မတ်မတ်လုပ်ဆောင်နေပြီးမိဘတွေရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်း  ကူညီပေးနေတဲ့ သမီးအလိမ္မာလေး ဖြစ်ပါတယ်။ ကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနည်းစာငွေများဖြင့်လည်း အလှူအတန်းတွေ ပြုလုပ်နေသူ ဖြစ်ပါတယ်။

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဆောင်းယွန်းစံရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခက်အခဲတွေကြောင့်ဈေးပြန်ရောင်းမယ့် အကြောင်းလေးကို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ ရရှိတဲ့ အမြတ်ငွေများကိုလည်းဆင်းရဲနွမ်းပါးသူများအား လှူဒါန်းပေးသွားမယ့် အကြောင်းကိုလည်း ပြောထားပါသေးတယ်။ " စျေးရောင်းပါမယ်ရှင့်.. လိုအပ်တဲ့သူကတော့ ဝယ်ပြီးအားပေးပါ.. မလိုအပ်တဲ့သူကတော့ကျော်သွားပါရှင့်..ဆောင်းဘက်ကပေးနိုင်တဲ့ကတိကတော့ ရရှိလာတဲ့အကျိုးအမြတ်အားလုံးကို ဆင်းရဲနွမ်းပါးတဲ့သူတွေကိုပြန်လည်လှူဒါန်းပေးသွားမှာပါ.။တကယ့်ကိုလှူဖို့အတွက် လိုအပ်နေလို့ပါ..နားလည်ပေးကြပါရှင့်???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 

အခုလို အချိန်မှာ ပြည်သူအချင်းချင်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးနေကြတာ အရမ်းကို မွန်မြတ်လှပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကိုလည်း လိုအပ်တဲ့အရာများ ကူညီပေးကြဖို့လည်း လိုအပ်ပါတယ်။ အားလုံးလည်း ဒီကာလမှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အမြန်ဆုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-Saung Yoon San’s Facebook Account 

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T