တိမ်းရှောင်နေရပေမယ့်လည်း တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ တိုက်ပွဲဝင်နေတဲ့ နိုဗန်ထူး

//s9.kh1.co/09/0963f97593f647cb44ad44a8f782a83ff0690170.jpeg
အနုပညာရှင်များ

 ၁၆-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

The Voice Myanmar သီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှတစ်ဆင့်  ဂီတလောကထဲသို့ ဝင်ရောက်လာသူကတော့ အဆိုတော် နိုဗန်ထူးပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တဲ့ နိုဗန်ထူးကိုတော့  ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတဲ့အတွက် ဘေးကင်းရာသို့ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 

တိမ်းရှောင်နေရပေမယ့်လည်း  တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်းကို မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ သူကလည်း အခုလိုအနိုင်ကျင့်ခံနေရတာကို ခေါင်းငုံ့မခံဘဲ ဘယ်လိုတုံ့ပြန်ရမလဲ တွေးနေသင့်ကြောင်းနှင့် ဒီအရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် လူတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်သင့်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဓမ္မဘက်ကနေ ရပ်တည်ခဲ့သူများအားလုံး အနစ်နာခံစွန့်လွှတ်ခဲ့တာတွေကို မမေ့လိုက်သင့်ကြောင်းကိုလည်း..

Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 

" မင်းဘာတွေလုပ်ပြီးပြီလဲ၊ မင်းဘာတွေဆက်လုပ်မလဲ၊

EAO တွေ၊CRPH ၊ NUG ၊ UN ဘာညာတွေကို တွေးနေရမယ့် အချိန်မဟုတ်ဘူး။ သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေလိမ့်မယ်။ ကိုယ်တိုင်ကလည်း အပျော်တွေလုပ်မနေဘဲ ကိုယ့်အပေါ် အနိုင်ကျင့်တာကို ခေါင်းငုံ့မခံဘဲဘယ်လို ပြန်သိပ်ရမလဲဘဲတွေးနေရမှာ။ နည်းလမ်းမျိုးစုံနဲ့ အကျင့်ယုတ်တာကို ခံလာတာအခုပဲ ရက်ပေါင်း ၁၀၀ကျော်နေပြီ။ အရူးတွေအောက်မှာ ကျွန်သာသာ အသက်ထပ်ရှင်တာထက် ခင်ဗျားတို့ တိုက်ရင်းသေတာက ပိုမိုက်အုန်းမယ်။ရှင်းရှင်းလေး တိုက်မယ်ဆိုတဲ့သူတွေက လေ့ကျင့်၊ နောက်ကွယ်က လှူတန်းမယ့်သူက လှူ ၊ အခွန်မှန်သမျှရှောင်၊ Boycott လုပ်ရမယ့်ဟာလုပ်၊ ကိုယ်နိုင်မယ့်တာဝန်ကို ထမ်းနေဖို့ပဲ လိုတာ။ အနုပညာရှင်​​​တွေလည်းအကြမ်းဖက်တာပဲ လုပ်တတ်​ပြီး လူမှန်ရင်လက်မခံတဲ့ အရူးအုပ်စုရဲ့ ဝရမ်းပြေးဖြစ်ရ၊ ပြည်သူ့ဝန်ထမ်းတွေလည်းအိမ်တွေစွန့်လွှတ်၊ ရာထူးတွေစွန့်လွှတ်ကြ၊အာဇာနည်များလည်း သွေးချောင်းစီးခဲ့ရတာကို မမေ့ပါနဲ့ ။ ကိုယ်တိုင်လည်း ဝရမ်းပြေးဖြစ်ပေမယ့် တစ်ထောင့်တစ်နေရာက အမြဲတမ်းပေးဆပ်နေတုန်းပဲ။ မလုပ်တတ်တာဆိုလို့ စောက်ပိုပဲ ရှိတယ်။ သွေးကြွေးဆပ်ဖို့ကို ဆာလောင်နေရမယ်။

​တော်လှန်​​​ရေးကို ဆာလောင်နေရမယ်။?" လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နိုဗန်ထူးရေးသားထားတဲ့ အကြောင်းအရာများကို မှန်ကန်ကြောင်း ထောက်ခံပြောဆိုနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေလည်း အရေးတော်ပုံကြီးမှာ အတူပူးပေါင်းမှသာ လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ရရှိမှာဖြစ်တဲ့အတွက် သွေးမအေးသွားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Source and Photo Crd-Novem Htoo’s Facebook Account 

Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 
Photo Crd-Novem Htoo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T